• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

🥳 Welcome to our Preschool New Campus!!

ယနေ့ October 16 ရက်နေ့မှာတော့ မရမ်းကုန်းမြို့နယ်အတွင်းမှာ ILBC Preschool New Campus ကို စတင်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ မရမ်းကုန်းမြို့နယ်နဲ့ နီးစပ်ရာမြို့နယ်တွေက သားသားမီးမီးလေးတွေက အချိန်တိုအတွင်းမှာ သွားလာရေးမခက်ခဲဘဲ တက်ရောက်နိုင်တာဖြစ်လို့ အသက် (၃) နှစ်အရွယ် မူကြိုစထားချင်တဲ့ ဖေဖေ၊ မေမေတွေက ဒီ Campus လေးကို ရွေးချယ် ထားရှိနိုင်ပါတယ်။
အခု Campus အသစ်မှာဆိုရင်လည်း ကလေးတွေအတွက် အကောင်းဆုံး Facilities တွေကို ထည့်သွင်းပေးထားသလို၊ learning corner တွေ၊ playing corner တွေ၊ computing room အပြင် တခြား activities တွေကို စနစ်တကျ ပါဝင်ပြုလုပ်နိုင်ဖို့အတွက် အခန်းတွေကိုလည်း သီးသန့်ထားရှိပေးထားပါတယ်။ စာသင်ခန်းတွေအတွင်းမှာလည်း air-con တပ်ဆင်ပေးထားပြီးတော့ ကလေးတွေကို သက်တောင့်သက်သာရှိရှိနဲ့ ပညာသင်ကြားနိုင်အောင်၊ လေဝင်လေထွက်ကောင်းပြီး ကလေးတွေရဲ့ကျန်းမာရေးအတွက် သင့်တော်အောင်လို့ စီစဥ်ပေးထားပါတယ်။ ဆရာ၊ ဆရာမတွေကလည်း အမြဲတမ်းအနီးကပ်စောင့်ရှောက် ကြီးကြပ်ပေးနေတာမို့လို့ ကျောင်းပို့ရတဲ့အချိန်အတွင်း ကလေးတွေအတွက် ဘာဆိုဘာမှ စိတ်ပူစရာမရှိပါဘူးနော်။
ဒီနေ့ Campus အသစ်မှာ ပထမဆုံးကျောင်းတက်ရက်ကို ဖြတ်သန်းခဲ့ကြတဲ့ ကလေးတွေ၊ ကျောင်းလိုက်ပို့ကြတဲ့ မိဘတွေနဲ့အတူ ဆရာ၊ ဆရာမတွေရဲ့ ပုံရိပ်တွေကိုတော့ ဓာတ်ပုံလေးတွေနဲ့တကွ မျှဝေပေးလိုက်ပါတယ်။
ကျောင်းစုံစမ်းမေးမြန်းချင်ရင်တော့ School Tour လာလို့ရပါတယ်နော်။
🏫 ILBC Preschool (Mayangone)
✳ Corner of Pyay Raod & Kabaraye Pagoda Road, 8 Mile Junction (Within Yangon Hotel Compound), Mayangone Township, Yangon.
☎ Phone: 09-880923596