• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

ILBC

University Opportunities Programmes

ရည်ရွယ်ချက်

ILBC University Opportunities Programmes သည် ILBC တွင် တက်ရောက်စဲနှင့် တက်ရောက်အောင်မြင်ပြီးခဲ့သော Secondary 4 မှ Secondary 6 ကျောင်းသူ/ သားများအား မိမိတို့၏ အနာဂတ်တည်ဆောက်ရေး လုပ်ငန်းတွင် တစ်စုံတစ်ရာ အကျိုးရှိစေရန်နှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့တွင် အတိမ်းအစောင်းမရှိဘဲ ဘဝတစ်ခုကို အကောင်းမွန်ဆုံး တည်ဆောက်နိုင်ဖို့အတွက် မိမိတို့ ရှေ့ဆက် လျှောက်လှမ်းရမည့် လမ်းကြောင်းကို ဂရုတစိုက် ရွေးချယ်ဆုံးဖြတ်နိုင်စေရန် ရည်ရွယ်ပါသည်။

University Opportunities

ယခုလက်ရှိအချိန်တွင် ILBC ကျောင်းသူ/ သားများအနေဖြင့် University လျှောက်ထားရာ၌ ရွေးချယ်နိုင်မည့် University (၂) ခု နှင့် Institution (၂) ခု တို့ဖြင့် စတင်မိတ်ဆက်ပေးပါမည်။

  • Oral Robert University Online Degrees USA
  • Sejong University South Korea
  • ASIAN Nursing Scholarship Singapore
  • Republic Polytechnic Diploma Singapore

ORU – Oral Robert University Online Degrees USA

  • Oral Robert University သည် အမေရိကန်နိုင်ငံတွင် ရှိသည့် နိုင်ငံတကာ အသိအမှတ်ပြု University ဖြစ်ပါသည်။
  • Online Undergraduate Programme ဖြစ်ပြီး လျှောက်ထားနိုင်သည့် Undergraduate Programmes များနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်အဆင့်ဆင့်ကို ORU Website: https://oru.edu/ တွင် အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
  • Oral Robert University တွင် ILBC ကျောင်းသူ/ သားများအနေဖြင့် Online (သို့မဟုတ်) On-Campus ပုံစံဖြင့် တက်ရောက်နိုင်ပါသည်။
  • Online Programme တွင် တက်ရောက်မည့် မြန်မာပြည်မှ ကျောင်းသူ/ သားဦးရေ စုစုပေါင်း (၂၀) ဦး ပြည့်မည်ဆိုလျှင် မြန်မာစံတော်ချိန်နှင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ မြန်မာစံတော်ချိန်အတိုင်း သင်မည်ဆိုပါက မြန်မာကျောင်းသားအချင်းချင်းသာ တွေ့ရမည်ဖြစ်သည့်အတွက် နိုင်ငံတကာမှ ကျောင်းသားများနှင့် အတူတကွ သင်ကြားလိုပါကလည်း ORU ၏ အမေရိကန်နိုင်ငံ စံတော်ချိန်နှင့် သင်ကြားပေးသော ပုံမှန်အတန်းများတွင် တက်ရောက်နိုင်ပါသည်။
  • နှစ်အလိုက် ရွေးချယ်တက်ရောက်နိုင်သည့် Year Programme အမျိုးမျိုးရှိပြီး မိမိတို့ စိတ်တိုင်းကျ ရွေးချယ် တက်ရောက်နိုင်ပါသည်။
  • မြန်မာကျောင်းသားများအနေဖြင့် Online Undergraduate Programmes များ တက်ရောက်ရန်အတွက် ကျောင်းသင်တန်းကြေးနှင့် ပတ်သက်၍ ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။
  • ORU Online Undergraduate Programmes များအတွက် လျှောက်ထားလိုပါက ILBC University Programme Coordinator (သို့မဟုတ်) ILBC Email: recdept@ilbc.edu.mm သို့ Email ပေးပို့နိုင်ပါသည်။ ထို့အပြင် Microsoft Teams မှတစ်ဆင့် ဆက်သွယ်၍သော်လည်းကောင်း၊ ILBC Front Office Phone Number: 09400777780, 09400777790 သို့ ဖုန်းဆက်သွယ်၍သော်လည်းကောင်း အသိပေး အကြောင်းကြားနိုင်ပါသည်။

 

Sejong University South Korea

  • တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့နှင့် မိုင် (၃၀) အကွာတွင် တည်ရှိသည့် ကိုရီယားနိုင်ငံ အသိအမှတ်ပြု University ဖြစ်ပါသည်။
  • 2022 ခုနှစ်တွင် The Asia University Rankings အရ အဆင့် (၄၁) နေရာတွင် ရပ်တည်နေသည့် University ဖြစ်ပါသည်။
  • ILBC မှ Secondary 6 အတန်းကို တက်ရောက်ပြီးသည်နှင့် လျှောက်ထားနိုင်ပါသည်။
  • ကိုရီးယား ဘာသာကို တွဲဖက် လေ့လာသင်ကြားရမည် ဖြစ်ပါသည်။
  • Sejong University တွင် Programme အများစုကို ကိုရီးယားဘာသာဖြင့် ပို့ချပေးလေ့ရှိပြီး တချို့သော Programme များကိုသာ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချပေးပါသည်။
  • Sejong University တွင် တက်ရောက်နေစဥ် ကျောင်းရှိအဆောင်၌ နေထိုင်နိုင်ပါသည်။
  • ကျောင်းတက်နေစဥ်အတွင်း အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများလည်း ရှိနိုင်ပါသည်။
  • Sejong University အကြောင်းနှင့် Degree Programmes အသေးစိတ်ကို Sejong University Website: http://en.sejong.ac.kr/ တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
  • Sejong University ၏ Undergraduate Programmes များအတွက် လျှောက်ထားလိုပါက ILBC University Programme Coordinator (သို့မဟုတ်) ILBC Email: recdept@ilbc.edu.mm သို့ Email ပေးပို့နိုင်ပါသည်။ ထို့အပြင် Microsoft Teams မှတစ်ဆင့် ဆက်သွယ်၍သော်လည်းကောင်း၊ ILBC Front Office Phone Number: 09400777780, 09400777790 သို့ ဖုန်းဆက်သွယ်၍သော်လည်းကောင်း အသိပေး အကြောင်းကြားနိုင်ပါသည်။

 

ASIAN Nursing Scholarship Programme Singapore

  • Nursing Diploma သည် စင်ကာပူနိုင်ငံတွင် တက်ရောက်နိုင်မည့် အစီအစဥ် ဖြစ်ပြီး Diploma ရရှိရန် (၃) နှစ်တက်ရောက်ရမည်ဖြစ်ပါသည်။ Diploma ရရှိပြီး ပညာသင်နှစ် (၃) နှစ်ပြီးဆုံးပါက Singapore General Hospital (သို့မဟုတ်) စင်ကာပူနိုင်ငံပိုင် ဆေးရုံကြီးများတွင် (၆) နှစ်တာ အလုပ်ဆက်လုပ်ပေးရမည်ဖြစ်ပါသည်။ ထို့နောက်တွင် Licensed Nurse တစ်ယောက်အဖြစ် ရှေ့ဆက်နိုင်မည် ဖြစ်ပါသည်။
  • ASIAN Nursing Diploma ကို Ngee Ann Polytechnic (https://www.np.edu.sg/) (သို့မဟုတ်) Nanyang Polytechnic (https://www.nyp.edu.sg/) တို့တွင် တက်ရောက်ခွင့် ရနိုင်မည် ဖြစ်ပါသည်။
  • ASIAN Nursing Scholarship Programme ကို ILBC မှ Secondary 6 အရွယ် ကျောင်းသူ/ သားများ လျှောက်ထားလျှင် အကောင်းဆုံး ဖြစ်ပါသည်။
  • IGCSE အောင်လက်မှတ်ရပြီးသော Secondary 5 ကျောင်းသူ/ သားများ စတင်လျှောက်ထားနိုင်ပါသည်။ Process လုပ်နေရင်းမှတစ်ဆင့် Secondary 6 ကို တက်ရောက် အောင်မြင်ပြီးပြီဆိုလျှင် Nursing Programme ကို First Intake တွင် စတင်တက်ရောက်နိုင်ပြီ ဖြစ်ပါသည်။
  • ကျောင်းသူ/ သားများအတွက် နေထိုင်ရန်နေရာ စီစဥ်ပေးပြီး စင်ကာပူဒေါ်လာ (၇၅၀) ထောက်ပံ့ပေးပါသည်။
  • Second Year ရောက်သည့်အခါ ကျောင်းအဆောင်တွင်မဟုတ်ဘဲ မိမိတို့ကိုယ်ပိုင် အစီအစဥ်ဖြင့် ပြင်ပနေရာများတွင်လည်း သွားရောက်နေထိုင်နိုင်ပါသည်။ စင်ကာပူဒေါ်လာ (၅၀၀) ထပ်ဆောင်းရရှိဦးမည် ဖြစ်ပါသည်။
  • လေယာဥ်လက်မှတ် ကုန်ကျစရိတ်အပါအဝင် အသေးစိတ်ကို အသိပေးသွားပါမည်။
  • နှစ်စဥ်နှစ်တိုင်း အယောက် (၁၀၀) လက်ခံပေးပါသည်။

 

Republic Polytechnic Diploma Singapore

  • 2023 April လအတွင်းတွင် Republic Polytechnic မှ Admission Officer နှင့် Online မှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဥ်ပေးသွားမည် ဖြစ်ပါသည်။ တွေ့ဆုံရာတွင် Job Prospect နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ရရှိနိုင်မည့် လစာပမာဏ၊ တက်ရောက်နိုင်မည့် အစီအစဥ်များနှင့် သင်ကြားမှု ပုံစံများ၊ သင်ယူရမည့် နေရာများကို မေးမြန်းဆွေးနွေးနိုင်မည် ဖြစ်ပါသည်။
  • Republic Polytechnic Diploma နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Republic Polytechnic Website: https://www.rp.edu.sg/ တွင် အသေးစိတ် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Postscript

အထက်ဖော်ပြပါ ကျောင်းများလျှောက်ထားရာတွင် ILBC နှင့် ဆက်သွယ်ပူးပေါင်း၍ လျှောက်ထားခြင်းဖြစ်သော်လည်း ကျောင်းဝင်ခွင့်သည် လျှောက်ထားသည့် ကျောင်းသူ/သားများ၏ အရည်အချင်းပေါ်မူတည်ပြီး လျှောက်လွှာလက်ခံသည့် ကျောင်းဘက်မှ ပြန်လည်စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။

အထက်ပါ ကျောင်းလျှောက်ထားခြင်း အစီအစဥ်နှင့် ပတ်သက်၍ ကျောင်းသူ/သားများအနေဖြင့် မေးခွန်းများ မေးမြန်းလိုပါက အောက်ပါ Link မှတစ်ဆင့် Form ဖြည့်စွက်ပြီး မေးမြန်းနိုင်ပါသည်။

Link : https://bit.ly/ILBC_Uni_Prgm_Form