• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

စင်္ကာပူနိုင်ငံရှိ Singapore Chinese Girls’ School (SCGS) သို့ Sister School Exchange Programme အနေဖြင့် သွားရောက်ကြပြီ ဖြစ်သည့် ILBC Secondary III & IV ကျောင်းသူများ ✈️

2025-2026 ပညာသင်နှစ်၊ ILBC TIL Programme ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးကျောင်းအသီးသီးမှာတက်ရောက်နေကြတဲ့ Secondary III & IV ကျောင်းသူ စုစုပေါင်း (၂၂) ဦးဟာဆိုရင် စင်္ကာပူနိုင်ငံမှာရှိတဲ့ Singapore Chinese Girls’ School (SCGS) ကို Sister School Exchange Programme အနေနဲ့ သွားရောက်လေ့လာဖို့အတွက် October 26 ရက်နေ့မှာ မြန်မာနိုင်ငံ လေဆိပ်ကနေ စတင်ထွက်ခွာသွားကြပြီပဲ ဖြစ်ပါတယ်။ Sister School Exchange Programme ဖြစ်တာနဲ့အညီ စင်္ကာပူနိုင်ငံက ကျောင်းသူတွေနဲ့ အတူတူ အတန်းတက်ရောက်ရမယ့် အစီအစဥ်တွေ၊ မြို့တွင်း အလည်အပတ် လျှောက်သွားရင်း သင်ယူနိုင်ဖို့အတွက် လေ့လာရေးခရီးစဥ်တွေအပြင် အတွေ့အကြုံတွေ ရရှိစေဖို့အတွက် Activity အမျိုးမျိုးမှာလည်း ပါဝင်သွားကြမှာ ဖြစ်ပါတယ်။ ဘေးကင်းပြီး အတွေ့အကြုံကောင်းများစွာ ရရှိနိုင်တဲ့ ခရီးစဥ်ဖြစ်ပါစေလို့လည်း ILBC ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
A total of 22 Secondary III and IV students from ILBC’s TIL Programme campuses in Yangon, Mandalay, Nay Pyi Taw, and Taunggyi departed from Myanmar on October 26. They will be participating in a Sister School Exchange Programme with Singapore Chinese Girls’ School (SCGS). During their stay, they will attend classes alongside Singaporean students, take part in educational excursions, and engage in various activities designed to provide enriching experiences. ILBC wishes them a safe journey and hopes they gain many valuable experiences.🌏🏙️🤝