• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

🎉ILBC Students: Myanmar National Champion Teams at WRO 2025!🏆🤖

ဒီနေ့မှာတော့ ILBC ကျောင်းသား၊ ကျောင်းသူများ၏ Tech-Z အသင်းနှင့် Team HCB အသင်းတို့မှ စင်ကာပူနိုင်ငံ၊ Marina Bay Sands Expo မှ ကျင်းပပြုလုပ်နေတဲ့World Robot Olympiad International Final 2025 Singapore ပြိုင်ပွဲကြီးမှာ Myanmar National Champion အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်ပါတယ်။🇸🇬 🇲🇲
ဒီပြိုင်ပွဲကြီးမှာဆိုရင် နိုင်ငံပေါင်း (၉၁) နိုင်ငံမှ အသင်းပေါင်း (၅၀၀) ကျော် ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ILBC ကျောင်းသား/ကျောင်းသူများ၏ Tech-Z အသင်းမှ Hydro Shield Project နှင့် Team HCB အသင်းမှ HomeCare Bot Project တို့ဖြင့် Future Innovator Category အောက်တွင် Junior နှင့် Senior အလိုက် ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်နေကြသည့် ILBC မှ ကျောင်းသား/ကျောင်းသူများ၏ စိတ်အားထက်သန်မှုများ၊ ကြိုးစားဆောင်ရွက်မှုများ၊ အောင်မြင်မှုများအား အတူတကွ အားပေးဂုဏ်ယူနိုင်စေဖို့အတွက် ပြိုင်ပွဲအတွင်းမှ အကောင်းဆုံးယှဉ်ပြိုင်နေကြတဲ့ ပုံရိပ်များကို ဝေမျှပေးလိုက်ပါတယ်။
Tech-Z and Team HCB from ILBC are proudly competing as the Myanmar National Champions at the World Robot Olympiad International Final 2025 Singapore, held today at Marina Bay Sands Expo, Singapore. The World Robot Olympiad (WRO) is one of the biggest international robotics competitions, featuring 500 teams from 91 countries.
ILBC is represented by two teams in the Future Innovator Category: Team HCB (Senior) with their HomeCare Bot project, and Tech-Z (Junior) with their Hydro Shield project.
We are delighted to share some of the best moments from the competition to cheer on and support the dedication, hard work, and achievements of our ILBC students as they represent Myanmar on this international stage. 🤖 💧