• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

🏅 ILBC International School Yangon, Nay Pyi Taw, Taunggyi က ကျောင်းသူ၊ ကျောင်းသားတွေရဲ့ (May-June 2026) Pearson Edexcel IGCSE Exam မှာ ရရှိခဲ့တဲ့ အောင်မြင်မှုမှတ်တိုင်တွေကို ဂုဏ်ယူစွာနဲ့ မှတ်တမ်းတင် ဖော်ပြပါရစေ။

ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့အတူ မိဘတွေရဲ့ ယုံကြည်စွာ ပံ့ပိုးအားဖြည့်ပေးမှု၊ ဆရာ၊ ဆရာမတွေရဲ့ တပည့်တွေအပေါ်ထားရှိတဲ့ စေတနာနဲ့ အစဉ်မပြတ် လမ်းညွှန်ပေးမှု၊ ILBC ကျောင်းကြီးရဲ့ Mission Statement (၄)ရပ်နဲ့အညီ စနစ်တကျ ပျိုးထောင်ပေးမှုတွေ အားလုံးပေါင်းစပ်ပြီး ဖန်တီးခဲ့တဲ့ ဒီအောင်မြင်မှုတွေဟာ ILBC International School ရဲ့ ပညာရေးအရည်အသွေးနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ထူးချွန်မှုတွေကို ထင်ဟပ်စေတဲ့ အောင်မြင်မှုပြယုဂ်တွေ ပဲ ဖြစ်ပါတယ်။
ယခုရရှိထားတဲ့ အောင်မြင်မှုမှတ်တိုင်တွေကို အားအင်အဖြစ်ယူပြီး ကိုယ်စီကိုယ်ငှ ထားရှိကြတဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်းလည်း ILBC International School ကနေ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။
🏅 We are proud to celebrate the Pearson Edexcel IGCSE Results (May-June 2026) achieved by students from ILBC International School Yangon, Nay Pyi & Taunggyi. These achievements reflect the students’ dedication and perseverance, supported by their parents, teachers, and ILBC’s commitment to nurturing students in line with its four Mission Statements. May these achievements inspire our students to move forward with confidence towards their goals. Wishing them continued success from the ILBC International School family.