🇲🇲 အိန္ဒိယနိုင်ငံ၊ Hyderabad မှာ ကျင်းပပြုလုပ်ခဲ့တဲ့ World Robot Olympiad Open Championship Asia & Pacific အတွင်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ILBC Future Innovator (Senior) Team ဟာဆိုရင် နိုင်ငံပေါင်း ၂၅ နိုင်ငံအနက် 5th Place ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်! 🏆
ဇွဲလုံ့လအပြည့်နဲ့ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ကမ္ဘာ့စင်မြင့်ထက်မှာ Top 5 အတွင်း ရပ်တည်နိုင်ခဲ့တဲ့ ILBC Future Innovator (Senior) Team ကို အထူးဂုဏ်ပြုရင်း၊ အခုလိုမျိုး မှတ်တိုင်ကောင်းတွေ စိုက်ထူနိုင်အောင် အစဉ်မပြတ် ပံ့ပိုးသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမအားလုံးကိုလည်း ILBC အနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။ ❤️👏🏻
Representing Myanmar at the World Robot Olympiad Open Championship Asia & Pacific in Hyderabad, India, the ILBC Future Innovator (Senior) Team secured an impressive 5th Place among 25 countries. With strong technical expertise, innovative thinking, problem-solving and teamwork, the team earned a well-deserved place in the Top 5. ILBC proudly congratulates our students and extends sincere appreciation to the teachers and mentors whose dedication and guidance made this achievement possible.
#ILBC #ILBCinternationalschool #internationalschool #WRO #India #worldrobotolympiad #openchampionshipasiaandpacific #WROstementrepreneurprogram
🏆🇲🇲 ILBC Future Innovator (Senior) Team Secures 5th Place in Asia & Pacific! 🏆

