Citizens Payကို ပထမဆုံးအသုံးပြုမည့်သူများအတွက် Citizens Pay Account ဖွင့်နည်းကို အောက်ပါ linkမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မိဘများ၊ ကျောင်းသူ/သားများအနေဖြင့် ILBC သို့ ကျောင်းလခများပေးသွင်းရာတွင် ကျောင်းသားနှင့် ပေးချေရမည့်ငွေပမာဏ ကိုက်ညီမှုရှိစေရန် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်သွင်းပေးရန် လိုအပ်ပါသည်။
ကျောင်းသားအမည်များသည် ဆင်တူရိုးမှားဖြစ်နိုင်သည့်အတွက် ကျောင်းလခပေးချေရာတွင် ကျောင်းသား ID နံပါတ်ကိုပါ ဖော်ပြပေးရပါမည်။
ယခုအခါ ကျောင်းသား ID အားလုံးသည် ဂဏန်း (၁၀)လုံးသာပါ၀င်ပါသည်။ အက္ခရာမပါဝင်ပါ။
(ဥပမာ – 1234567890)
How to Sign up for A+ Wallet (MM Version)
How to Sign up for A+ Wallet (Eng Version)
A+ Wallet ဖြင့် ILBC ကျောင်းလခပေးချေရာတွင် –
မိဘများ၊ ကျောင်းသူ/သားများအနေဖြင့် အသေးစိတ်အချက်အလက်များထည့်သွင်းရန် အကွက် (၆)ကွက်ပါဝင်ပါသည်။
A+ Wallet ၏ Home Screen မှ အခြားပေးချေမှုကိုနှိပ်ပါ
Education ပညာရေး ခေါင်းစဉ် အောက်မှ ILBC ကိုရွေးပါ
Student ID – ကျောင်းသား IDဖြည့်ရန်
Grade – ကျောင်းသူ/သား၏ Class (အတန်း) ကို ရွေးချယ်ပါ။
ကျောင်းသူ/သား၏ နာမည်ဖြည့်ပါ။
School City – ILBC ကျောင်းတည်ရှိရာမြို့အမည် (ရန်ကုန်၊ မန္တလေး စသည်ကို) ရွေးချယ်ပါ။
School Name – ILBC ကျောင်းတည်ရှိရာမြို့ရွေးချယ်ပြီးပါက ကျောင်းအမည် ကိုထပ်မံ ရွေးချယ်ပါ။
Contact Number – ဆက်သွယ်ရန်ဖုန်းနံပါတ် (ကျောင်းလခပေးချေမှုအား အတည်ပြုရန် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ်လိုအပ်ပါသည်)
ငွေပမာဏဖြည့်သွင်းပါ
မှတ်စု (Optional) (မဖြစ်မနေထည့်သွင်းစရာမလိုပါ)
Next ကိုနှိပ်ပြီးပါက ရွေးချယ် ဖြည့်သွင်းထားသည့်အချက်အလက်များ ငွေပမာဏများကို ပြန်လည်စစ်ဆေးပါ
Pay now ကိုနှိပ်ကာ Password ရိုက်ထည့်ပြီးပါက ပေးချေမှု အောင်မြင်မည်ဖြစ်ပါသည်၊ (သို့) Face ID ဖြင့် ပေးချေမည် ပြုလုပ်ထားပါက တပါတည်း ပေးချေမှုအောင်မြင်မည်ဖြစ်ပါသည်။
A+ Wallet အသုံးပြုပုံအဆင့်ဆင့်ကို အောက်ပါvideoတွင် ကြည့်ရှုနိုင်သကဲ့သို့ ပေးထားသောလင့်ခ်မှတစ်ဆင့် downloadပြုလုပ်၍လည်း လေ့လာနိုင်ပါသည်။
A+ Wallet User Manual ကို downloadပြုလုပ်ရန်