• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

Dual High School Diploma Programme (Q&A)

ILBC International School မှ Dual High School Diploma Programme ဆိုတာဘာလဲ?

  • Dual High School Diploma Programme ဆိုသည်မှာ ‌ILBC International School မှ ပေးအပ်သော အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု High School Diploma နှင့် Columbia School မှ ပေးအပ်သော US High School Diploma တို့အား တပြိုင်တည်း တက်ရောက်သင်ယူနိုင်သော အစီအစဉ် ဖြစ်ပါတယ်။
  • Dual High School Diploma ရရှိခြင်းအားဖြင့် UK , US နှင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များကို တက်ရောက်ဖို့ လျှောက်ထားရာတွင် အခွင့်အလမ်း ပိုမိုအားကောင်းသော အစီအစဉ်ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံရှိ International School များထဲတွင် ILBC International School သည် Dual High School Diploma Programme ကို စီစဉ်ပေးနိုင်သော ပထမဦးဆုံး ကျောင်းဖြစ်ပါတယ်။

US High School Diploma ဆိုတာ ဘာလဲ?

  • US High School Diploma ဆိုတာ US တွင်ရှိသော Universities and Colleges (၃၅၀၀) ကျော်ကို လျှောက်ထားနိုင်သော အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု အမေရိကန်နိုင်ငံမှ အထက်တန်း ပြီးမြောက်ကြောင်း ဒီပလိုမာ ဖြစ်ပါတယ်။

US High School Diploma ဆိုတာ ဘယ်အဖွဲ့အစည်း ဘယ်ကျောင်းက ပေးတာလဲ?

  • ILBC International School တွင် တက်ရောက်ရယူနိုင်သော Dual High School Diploma Programme မှ US High School Diploma ဆိုတာ Hudson Global Scholars ရဲ့ Columbia School မှ ပေးသော အမေရိကန်နိုင်ငံ အသိအမှတ်ပြု High School Diploma ဖြစ်ပါတယ်။

Columbia School မှ ပေးသော US High School Diploma သည် မည်သည့်အဖွဲ့အစည်းမှ Accredited ဖြစ်သလဲ?

  • Columbia School မှ ပေးသော US High School Diploma သည် အမေရိကန်နိုင်ငံမှ အသိအမှတ်ပြု ပညာရေးအဖွဲ့အစည်းဖြစ်သည့် COGNIA မှ Accredited ရရှိသော Diploma ဖြစ်ပါတယ်။

US High School Diploma နဲ့ Universities နှင့် Colleges များ လျှောက်ထားရာတွင် ဘယ်လိုအားသာချက် တွေရရှိနိုင်မလဲ?

Columbia School မှ ပေးသော US High School Diploma ဖြင့် Universities နှင့် Colleges များ လျှောက်ထားရာတွင်

  1. အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များနှင့် အမေရိကန်နိုင်ငံတွင်ရှိသော တက္ကသိုလ် ကောလိပ်ပေါင်း (၃၅၀၀) ကျော်ကို လျှောက်ထားနိုင်သည့်အပြင် ခိုင်မာသော ကျောင်းလက်ခံမှု Guarantee ပေးနိုင်သည့် Top 10% ranking စာရင်းဝင် University (၁၈) ခုကို တိုက်ရိုက်လျှောက်ထားတက်ရောက်နိုင်ခြင်း။
  2. အနည်းဆုံး GPA 2.5 ရရှိပြီး သတ်မှတ်ထားသော တက္ကသိုလ် (၁၈)ခုကို လျှောက်ထားရာတွင်တက်ရောက်ခွင့်မရရှိခဲ့ပါက Hudson Global Scholar မှ Programme Fees ကို refund ပြန်လည် ရရှိနိုင်ခြင်း။
  3. သတ်မှတ်ထားသောတက္ကသိုလ် (၁၈) ခုကိုလျှောက်ထားရာတွင် Application Essay ၊ SAT/ ACT စာမေးပွဲများ သီးသန့်ဖြေဆိုရန် မလိုခြင်း၊ ဘာသာစကားဆိုင်ရာ စာမေးပွဲများ (TOEFL) ဖြေဆိုရန် မလိုအပ်ခြင်း၊
  4. သွားရောက်ပညာသင်ယူရန်အတွက် လျှောက်ထားရာတွင် လိုအပ်သော Form I-20 ရရှိနိုင်ခြင်း။
  5. Hudson Global Scholars မှ လိုအပ်သော College Counselling Session များ ရရှိနိုင်ခြင်း။
  6. Agent Fees များ ပေးဆောင်ရန် လုံးဝ (လုံးဝ) မလိုအပ်ခြင်း။

Hudson Global Scholars ရဲ့ Columbia School မှ ပေးသော US High School Diploma ရရင် ကျောင်းဝင်ခွင့်အတွက် Guarantee ရပြီးသော တက္ကသိုလ် ဘယ်နှစ်ခုရှိသလဲ?

  • အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များနှင့် အမေရိကန်နိုင်ငံတွင်ရှိသော တက္ကသိုလ်ပေါင်း (၃၅၀၀) ကျော်ရှိသည့်အနက် ခိုင်မာသောကျောင်းလက်ခံမှု Guarantee ပေးနိုင်သည့် Top 10% ranking စာရင်းဝင် University (၁၈) ခုရှိပါတယ်။

ILBC ကျောင်းသားတိုင်း Dual Diploma Programme ယူဖို့ လိုအပ်ပါသလား?

  • ILBC ကျောင်းသားတိုင်း Dual Diploma Programme ရယူဖို့ မလိုအပ်ပါ။ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များနှင့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ် ကောလိပ်များကို ပိုမိုဦးစားပေး လျှောက်ထား လိုသော ကျောင်းသားများအတွက် ရယူသင့်သောအခွင့်အလမ်းကောင်း ဖြစ်ပါတယ်။

ILBC International School မှ တက်ရောက်အောက်မြင်ပြီးသော ကျောင်းသားကျောင်းသူများသည် ILBC ပေးအပ်သော Diploma, IGCSE နှင့် IAL ဖြေပြီးရင် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်များကို တက်ရောက်နိုင်ပါသလား?

  • ILBC International School မှ Secondary VI တက်ရောက် အောင်မြင်ပြီးသော ကျောင်းသားများအနေဖြင့် ILBC မှရရှိတဲ့ Diploma, IGCSE နှင့် IAL Results များဖြင့် လျှောက်ထားခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်များတွင် တက်ရောက်လျှက်ရှိပါသည်။

Dual High School Diploma ကို ရရှိပြီး IGCSE နှင့် IAL စာမေးပွဲများဖြေဆိုရန်လိုအပ်ပါသလား?

  • ILBC International School ၏ High School Diploma သည် IGCSE နှင့် IAL စာမေးပွဲများကို ဖြေဆိုနိုင်ရန် အတွက် ရည်ရွယ်သော Curriculum ကို အသုံးပြု လေ့ကျင့်သင်ကြားပေးထားသောကြောင့် IGCSE နှင့် IAL စာမေးပွဲများကို ဖြေဆိုအောင်မြင်ထားခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များကို လျှောက်ထားခြင်းနှင့် Scholarship များ လျှောက်ထားရာတွင် အခွင့်အရေးများ ပိုမိုရရှိနိုင်ပါတယ်။

Hudson Global Scholars ရဲ့ Columbia School မှ ပေးသော US High School Diploma ရရှိဖို့ Credit ဘယ်နှစ်ခု လိုအပ်သလဲ?

  • Hudson Global Scholars ရဲ့ Columbia School မှ ပေးသော US High School Diploma ရရှိရန် Credits (20) လိုအပ်သည့်အနက် Credits (15) ခုကို ILBC International School ကျောင်းတွင် High School Diploma ရရှိမှသာ ရယူနိုင်မှာဖြစ်ပြီး ကျန်ရှိသော Credits (5) ခုအား Columbia School မှ ပို့ချပေးမည်ဖြစ်ပြီး Online ဖြင့် တက်ရောက် ရယူနိုင်ပါသည်။

ဘယ်လိုတက်ရောက်နိုင်သလဲ?

  • တက်ရောက်ရာတွင် Online ဖြင့် တက်ရောက်ရမည်ဖြစ်ပြီး Option (၂) ခု ရှိပါသည်။ Option 1 အနေဖြင့် Self-study Assisted Learning Option ဖြစ်ပြီး၊ Option (2) အနေဖြင့် Columbia School ၏ Certified Teachers များမှ မြန်မာစံတော်ချိန်ဖြင့် သင်ကြားသော Live Lessons များကို Weekends နှင့် After School အချိန်များတွင် တက်ရောက်နိုင်ပါတယ်။

US High School Diploma ရရှိဖို့ ဘယ်နှစ်နှစ်လောက် တက်ရမလဲ? ဘယ်အတန်းမှ စတက်လို့ရနိုင်သလဲ? ငွေကြေးဘယ်လောက်ကုန်ကျမလဲ?

  • • US High School Diploma ရရှိဖို့ အနည်းဆုံး (၂) နှစ်ကနေ (၄) နှစ်အထိ တက်ရောက်နိုင်ပါတယ်၊ Secondary II မှ စတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ထိုသို့ တက်ရောက်ရာတွင် Method အမျိုးမျိုး ရှိပါတယ်။
    ဥပမာ –

US High School Diploma ရရှိဖို့ မည်သည့်အသက်အရွယ်ထိ တက်ရောက်ခွင့်ရှိပါသလဲ?

  • ILBC International School တွင် တက်ရောက်နေသော ကျောင်းသားဖြစ်ရမည်ဖြစ်ပြီး အသက် (၂၁) အရွယ်အထိ တက်ရောက်ခွင့်ရှိပါတယ်။

Hudson Global Scholars ရဲ့ Columbia School မှ Credit ရယူနိုင်တဲ့ ဘာသာရပ်တွေက ဘာတွေလဲ?

  • တက်ရောက်နိုင်သည့် ဘာသာရပ်များစွာရှိပြီး AP Subjects များကိုလည်း သင်ယူနိုင်ပါတယ်။ AP Subject များကို Credit အနေဖြင့် သင်ကြားမည်ဆိုပါက ယူသည့်ဘာသာရပ်အလိုက် ထပ်ဆောင်း ကုန်ကျစရိတ်များ ရှိမည်ဖြစ်ပါတယ်။
  • တက်ရောက်နိုင်သည့် ဘာသာရပ်များကို အောက်ပါလင့်တွင် သွားရောက်လေ့လာနိုင်ပါတယ်။
    https://columbiaschool.com/academics/courses/course-catalog/

Dual High School Diploma Program ကို စိတ်ဝင်စားလျှင် မည်ကဲ့သို့ ဆောင်ရွက်ရမလဲ?

  • • ILBC International School Website ဖြစ်သည့် https://ilbc.edu.mm တွင် အသေးစိတ် သွားရောက်လေ့လာနိုင်သလို အမြို့မြို့အနယ်နယ်ရှိ ILBC ကျောင်းများ၏ Reception များတွင်လည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။