A: ကလေးအသက် ၃နှစ်မှစပြီး ၅ နှစ်ထိလက်ခံပါတယ်။
A: Preschool မှာ ဖွင့်ထားတဲ့အတန်းတွေကတော့ Beginner, Pre 1, Pre 1A, Pre 2 နှင့် Pre KG အတန်းတွေကို ဖွင့်ထားပါတယ်။ ထို Preschool အတန်းများအကြောင်းကို အသေးစိတ်သိရှိလိုပါက 01 578732, 8569901, 09 263338009 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
A: ၃နှစ်ကစတက်ရင် Beginner (၄) လ၊ Pre 1 (၄) လ၊ Pre 1A (၄) လ၊ , Pre 2 (၆) လ၊ Pre KG (၆ )လ တို့ကို တဆင့်ပြီး တဆင့် တက်သွားရပါမယ်။ အသေးစိတ်သိရှိလိုပါက 01 578732, 8569901, 09 263338009 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
A: ကလေးအသက် ၃နှစ်ခွဲနှင့်အထက်ဆိုလျှင်တော့ Placement Test အရင်ဆုံးစစ်ဆေးပါတယ်။ ပြီးမှ ကလေးအသက်နှင့် သင့်လျော်တဲ့ အတန်းကိုစတက်ရပါတယ်။
A: သင်ကြားရမည့် ဘာသာရပ်တွေကတော့ အင်္ဂလိပ်ပါမည်။ မြန်မာစာ နှင့် တရုတ်စာမှာ နှစ်သက်ရာ ဘာသာရပ် တစ်ခုကို ရွေးချယ်ရမည်။ သင်္ချာ ပါမည်။ ဂီတ ပါမည်။ ပန်းချီ ပါမည်။ ကွန်ပျုတာ ပါမည်။ ကိုယ်ကာယဖွံ့ဖြိုးစေသော ကာယလေ့ကျင့်ခန်းပါမည်။
A: ၃နှစ်အရွယ်မှာ စာစ မရေးရသေးပါ။ ဒါပေမယ့် စာရေးရင်အသင့်ဖြစ်အောင် လက်ချောင်းကြွက်သားလေးတွေကို သန်လာအောင် Activity တွေကို သင်ခန်းစာထဲမှာ ထည့်သွင်းပေးထားပါတယ်။ (၃)နှစ် (၄)လ အရွယ်ကစပြီး ခဲတံကိုင်တတ်အာင် ရောင်စုံခဲတံလေးတွေနဲ့ စတင်မိတ်ဆက်ပေးပါတယ်။
A: တခန်းမှာ ကလေးဦးရေ ၂ဝ မှ ၂၅ ထိ ရှိပါတယ်။ ကလေးအသက်အရွယ်နဲ့ အတန်း Level ပေါ်မူတည်ပြီး ဆရာမ အလုံအလောက် ထည့်ပေးထားပါတယ်။
A: အိပ်ချိန်ပါ ပါတယ်။ ထမင်းစားပြီးနောက်ပိုင်း ၁၂နာရီလောက်ကစပြီး ၁နာရီဝန်းကျင်လောက်ထိ အိပ်ချိန်ပေးထားပါတယ်။ အိမ်ကနေအိပ်ယာ စီစဉ်ပေးဖို့မလိုအပ်ပါဘူး။ မွေ့ယာနဲ့ခေါင်းအုံးကို ကျောင်းကစီစဉ်ပေးထားပါတယ်။ အိမ်ကစောင်ပါးတစ်ထည် ယူလာပေးရန်သာ လိုအပ်ပါတယ်။
A: တပါတ်တခါ ခေါင်းအုံးစွပ်တွေ အိပ်ယာခင်းအစွပ်တွေကို လျှော်ဖွပ်ပေးပါတယ်။ မီးပူတိုက်ပေးပါတယ်။ မွေ့ယာတွေ ခေါင်းအုံးတွေကို နေပူလှန်းပါတယ်။
A: မအိပ်ချင်တဲ့ကလေးများကို အတင်းအကျပ်မအိပ်ခိုင်းပါဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အနားယူခိုင်းထားပါတယ်။
A: ကျောင်းမှာ ကျောင်းဆေးခန်းနှင့် ဆရာဝန် အမြဲရှိပါတယ်။ နေထိုင်မကောင်းတဲ့ ကလေးမျိုးကို ကျောင်းကနေပြီး မိဘ၏ခွင့်ပြုချက်ဖြင့် လိုအပ်သည့်ဆေးဝါးများ တိုက်ကျွေးပေးပါတယ်။ အတန်းတိုင်းကို Medical Check-Up လုပ်ပေးပါတယ်။
A: ကျောင်းအပ်သည့်အခါမှာ ကလေး Passport size photo (၆) ပုံ၊ မွေးစာရင်းမိတ္တူ(သို့) သန်းခေါင်စာရင်းမိတ္တူ၊ ကလေးကာကွယ်ဆေး ထိုးထားသည့် မှတ်တမ်းမိတ္တူ နှင့် ကလေးပါတပါတည်း ခေါ်ဆောင်လာရန် လိုအပ်ပါသည်။
A: တနင်္လာမှ သောကြာထိ တက်ရပါတယ်။ အချိန်ကတော့ မနက် (၉) နာရီမှ နေ့လည် (၃) နာရီထိ ဖြစ်တယ်။
A: အတန်းအားလုံးကတော့ လစဉ်လတိုင်းဖွင့်သည့် Open Course အတန်းတွေဖြစ်ပါတယ်။
A:ကွာခြားမှုမရှိပါဘူး။ သင်ကြားရသည့် ဘာသာရပ်တိုင်းသည် အတူတူပဲဖြစ်ပါတယ်။
A: အငယ်တန်းတွေမှာတော့ စာသင်ပေးတာထက် ကလေးတွေကို စာသင်ဖို့ အသင့်ဖြစ်အောင် စိတ်ဓါတ်လေးတွေကို ပြင်ပေးပါတယ်။ ဘာသာရပ် အနေနဲ့ Listening နဲ့ Speaking ကို အဓိကထားပါတယ်။ Exposure များများရအောင် ကျင့်ပေးပါတယ်။
A: ကလေးငယ်အများစုကတော့ ဒီလိုအရွယ်မှာ ကိုယ်တိုင်မလုပ်တတ်ကြပါဘူး။ ထမင်းစားတဲ့အခါမှာ ဆရာမများကနေ ကူညီပေးရင်း လေ့ကျင့်ပေးသွားပါတယ်။
A: Reading နဲ့ Writing skill တွေကို သူငယ်တန်းတက်ဖို့ လိုအပ်တဲ့ စိတ်ဓါတ်ပြင်ဆင်မှုတွေနှင့်အတူ လေ့ကျင့်ပေးပါတယ်။
A: ကလေးများအနေနဲ့ ပေါင်းသင်းဆက်ဆံရေး တိုးတက်လာမယ် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်ရှိလာပါမယ် ။
A: ကလေးများ ဘက်စုံဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ထားပြီးတော့ ကလေးအသက်အရွယ်လိုက်ပေါ်မူတည်ပြီး activities များကို လုပ်ဆောင်ရပါတယ်။
ရာသီလိုက်ပွဲများကိုလဲ စီစဉ်ပေးထားပါတယ်။ Outdoor learning အစီအစဉ်များလဲရှိပါတယ်။
A: ကျောင်းနဲ့ အနီးအဝေးပေါ်မူတည်ပြီး ကျောင်းကားရှိပါတယ်။
A: ကျောင်းလခအပြောင်းအလဲကတော့ နှစ်စဉ်နှစ်တိုင်း အပြောင်းအလဲရှိနိုင်ပါတယ်။ အများကြီးကွာဟချက်တော့မရှိပါဘူး ရာခိုင်နှုန်းအနည်းငယ် ကွာခြားမှုလောက်ပဲ ရှိပါတယ်။
A: ကလေးအသက် ၅နှစ်ပြည့်ပြီးမှစပြီး လက်ခံပါတယ်။
A: IGCSE မှာ ဖွင့်ထားတဲ့ အတန်းတွေကတော့ KG to Secondary VI ထိ အတန်းတွေကို ဖွင့်ထားပါတယ်။
A: ၅နှစ်ပြည့်ပြီး စတက်ရင် KG ဝင်ခွင့် (Placement Test – English & Maths) အရည်အချင်းစစ်ဆေး၍ အသက်ကိုပါ ထည့်သွင်းစဉ်းစားပြီး လက်ခံပေးပါတယ်။
A: နောက်ဆုံးတက်ခဲ့သော ကျောင်းတွင် ပြီးဆုံးခဲ့သော အတန်းပေါ်မူတည်၍ (Placement Test – English & Maths) အရည်အချင်းစစ်ဆေး၍ အသက်ကိုပါ ထည့်သွင်းစဉ်းစားပြီး သင့်လျော်သောအတန်းကို လက်ခံပေးပါတယ်။
A: သင်ကြားရမည့် ဘာသာရပ်တွေကတော့ English, Maths, Science, Geography, History, Computing စသည့် ဘာသာရပ်များနှင့် Myanmar, Physical Education, Music & Fine Arts ဘာသာများကိုပါ သင်ကြားရပါမည်။
A: တစ်ခန်းမှာ ကလေးဦးရေ ၂ဝ မှ ၂၅ ထိ ရှိပါတယ်။ ကလေးအသက်အရွယ်နဲ့ အတန်း Level ပေါ်မူတည်ပြီး ဆရာမ အလုံအလောက် ထည့်ပေးထားပါတယ်။
A: ကျောင်းမှာ ကျောင်းဆေးခန်း ဆရာဝန် အမြဲရှိပါတယ်။ နေထိုင်မကောင်းတဲ့ ကလေးမျိုးကို ကျောင်းကနေပြီး မိဘ၏ခွင့်ပြုချက်ဖြင့် လိုအပ်သည့်ဆေးဝါးများ တိုက်ကျွေးပေးပါတယ်။ အတန်းတိုင်းကို Medical Check-Up လုပ်ပေးပါတယ်။
A: ကျောင်းအပ်သည့်အခါမှာ ကလေး Passport size colour photo (၃) ပုံ၊ မိဘ Passport size colour photo (၁) ပုံစီ ၊ မွေးစာရင်းမိတ္တူ (သို့) သန်းခေါင်စာရင်းမိတ္တူ နှင့် နောက်ဆုံးတက်ရောက်ခဲ့သော ကျောင်း၏ ကျောင်းထောက်ခံစာနှင့် ကလေးပါတပါတည်း ခေါ်ဆောင်လာရန် လိုအပ်ပါသည်။
1. Three passport size colour photos of student & each one passport size colour photo of parents
2. Copy of birth certificate ( Please bring original birth certificate)
3. Copy of previous school’s recommendation letter and transcript (Please bring original copies)
A: တနင်္လာမှ သောကြာထိ တက်ရပါတယ်။ KG to Primary III အချိန်ကတော့ မနက် (၈း၃၀) နာရီ မှ နေ့လည် (၂း၃၀) နာရီ ထိဖြစ်ပြီး Primary IV နှင့်အထက် အတန်းများကတော့ မနက် (၈) နာရီ မှ နေ့လည် (၃) နာရီထိ ဖြစ်ပါတယ် ။
A: မေလဆန်းမှ စတင်၍ ကျောင်းအပ်နှံ နိုင်ပြီး အတန်းအားလုံးကတော့ နှစ်စဉ်ဇွန်လ ပထမပတ်တွင် စတင်ဖွင့်လှစ် သင်ကြားပြီး မတ်လအလယ်တွင် စာသင်နှစ် တစ်နှစ်ပြီးဆုံးပါသည်။
A: ကျောင်းမှ သတ်မှတ်ထားသော ကျောင်းဝတ်စုံကို ပြည့်စုံစွာ ဝတ်ဆင်ရပါမည်။
A: Summer English Courses အတွက်ဆိုရင် အသက်၅နှစ်မှ စ၍ထားလို့ရပါတယ်။ Preschool Summer Courses အတွက်ဆိုရင်တော့ အသက်၅နှစ်အောက်ကလေးများကို လက်ခံနေပါတယ်။
A: (18.3.2020) မှ စတင်၍ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Hot Line နံပါတ် 09 400777780 ၊ 09 400777790 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
A: Summer English Courses ကိုဖွင့်ထားတဲ့အတန်းများကတော့ Beginner မှ စတင်၍ Advanced Level ထိဖွင့်လှစ်ထားပါတယ်။
A: ဟုတ်ကဲ့။ အပြင်ကျောင်းမှ ကလေးများလည်း တတ်လို့ရပါတယ်။
A: ကျောင်းဖယ်ရီ ရှိပါတယ်။ မြို့နယ်အလိုက် သတ်မှတ်ဈေးနှုန်းများ ရှိပါတယ်။
A: ဟုတ်ကဲ့ ရန်ကုန်မှာ Summer English Courses ကို တက်ရောက်မည်ဆိုပါက ILBC IGCSE & A LEVEL SCHOOL Main Campus လိပ်စာ၊ အမှတ် ၃၄ ၊ လေးထောင့်ကန်လမ်း၊ တာမွေ မြို့ နယ်၊ ရန်ကုန် မြို့ တွင် တက်ရောက်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။။
Preschool နွေရာသီသင်တန်းများကိုလည်း သုမင်္ဂလာ၊ သာယာရွှေပြည်၊ ပါရမီ( စိန်ဂေဟာ) ILBC တို့တွင် တက်ရောက်နိုင်ပါတယ်။
A: Summer Course များက သင်တန်းကြေးအမျိုးမျိုးရှိသည့်အတွက် အောက်ပါဖုန်းနံပါတ်များသို့သင်တန်းကြေးများကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ Phone : +95 (1) 9542982 , 9545720, 8400156, 9549106.
A:ပုံ ( ၂ ) ပုံ နှင့်ကလေးပါ တစ်ပါတည်း ခေါ်ဆောင်လာရန်လိုအပ်ပါသည်။ ကျောင်းသား/ကျောင်းသူအသစ်များအနေဖြင့်လည်း မိမိနှင့်သင့်လျော်သည့် Level သို့တက်ရောက်နိုင်စေရန် Placement Test ကိုဖြေဆိုရမည်ဖြစ်သည်။
A: ဟုတ်ကဲ့ Summer English Course အပြင်-
✅ Summer Mathematics Class
✅ Summer Music Class
✅ Summer Myanmarsar Class
✅ Summer Fine Arts Class
✅ Summer Sports Class
✅ Summer Computing Class တို့ကို ဖွင့်လှစ်ပေးထားပါတယ်။
၂၀၂၀ ခုနှစ် နွေရာသီကာလအတွက် သင်တန်းအသစ်တွေဖြစ်တဲ့
✅ Summer Robotics Class (YGN/NPT)
✅ Summer Kick Boxing Class (YGN/NPT)
✅ Summer Karate Class (YGN) တို့ကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးထားပါတယ်။။
သင်တန်းများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက –
ILBC Reception
ဖုန်း- 01-542982 ,545720 , 549106, 400156 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။