ILBC International School မှာတက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံးကို ဘက်စုံထူးချွန်စေဖို့အတွက် Holistic Education ကို အခြေခံပြီး လေ့ကျင့်သင်ကြားပျိုးထောင်ပေးလာခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၃၀) ကျော်တိုင်ခဲ့ပါပြီ။ ဒီနှစ်ပေါင်း (၃၀) ကျော်အတွင်းမှာ Academic Excellence ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး အဆင့်မြင့် ပညာသင်ကြားရေး နည်းစနစ်ကောင်းတွေကို အသုံးပြုသင်ကြားပေးခဲ့သလို ကျွမ်းကျင်ဝါရင့် ဆရာ၊ ဆရာမတွေရဲ့ စာတွေ့၊ လက်တွေ့ လေ့ကျင့်ပေးမှုတွေနဲ့အတူ မိဘတွေရဲ့ အစွမ်းကုန် ပူးပေါင်းပံ့ပိုးမှုတွေနဲ့ ရှေ့ဆက်ခဲ့တာ ယနေ့ထက်တိုင်ပါပဲ။ အခုလိုမျိုး ဘက်ပေါင်းစုံက ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဝီရိယထား အားစိုက်ကြိုးစားခဲ့မှုတွေကြောင့် IGCSE Edexcel Exam Results 2025 (May-June) မှာ အခုလို ရလဒ်ကောင်းတွေကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသား တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားထုတ်ကြိုးစားမှုတွေနဲ့ ရလဒ်တွေကိုကြည့်ရင်း မိဘတွေနဲ့ ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကလေးတွေရဲ့ ရှေ့ဆက်လျှောက်လှမ်းမဲ့အနာဂတ်မှာလည်း အောင်မြင်မှုတွေ ဆထက်တိုးပြီး ရရှိပိုင်ဆိုင်နိုင်ပါစေလို့လည်း ILBC School Community တစ်ခုလုံးကနေ ဆုတောင်းပေးလိုက်ပါတယ်။
#ILBC_International_School #ILBC #International_School #IGCSEresults #HolisticEducation #AcademicExcellence