၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ မနက် (၁၀) နာရီဝန်းကျင်ခန့်တွင် မန္တလေးမြို့အတွင်း ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ ငလျင်လှုပ်ခတ်သည်ဟု သိရှိသည်နှင့်တစ်ပြိုင်တည်း ILBC International School (Mandalay) မှ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည် သဘာဝအန္တရာယ်ကင်းရှင်းရေး အစီအစဥ်များကို ကြိုတင်လေ့ကျင့်ထားသည့်အတိုင်း အချိန် (၂) မိနစ်အတွင်း ဘေးလွတ်ရာနေရာသို့ အန္တရာယ်ကင်းစွာဖြင့် ရွှေ့ပြောင်းနိုင်ခဲ့ပါသည်။ ထို့နောက်တွင် စာသင်ကြားရေးကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။








