အသက် (၃) နှစ်ကနေစပြီး မူကြိုထားလို့ရတဲ့ ILBC Preschool မရမ်းကုန်းကျောင်းခွဲအတွက် Register လုပ်လို့ရတဲ့အကြောင်းလေး ထပ်မံ သတင်းကောင်းပါးလိုက်ပါတယ်။
မကြာသေးခင်ကမှ ဖွင့်လှစ်ပေးထားတဲ့ Campus အသစ်ဖြစ်ပြီးတော့ ကလေးတွေအတွက် သက်တောင့်သက်သာ ဖြစ်ဖြစ်နဲ့ ပညာသင်ကြားနိုင်အောင် Facilities အပြည့်အစုံ ဖြည့်ဆည်းပေးထားပါတယ်။
⚠️ မိဘတွေ အတွေးအများဆုံး ကိစ္စတွေဖြစ်တဲ့ ⚠️
🌟 ကလေးရဲ့ လုံခြုံမှု – ILBC Preschool မှာတော့ ကျောင်းဝန်း အဝင်ဝမှာတင် Security တွေနဲ့အတူ တီချယ်တွေက ကျောင်းကြို/ပို့ ပြုလုပ်ပေးပြီး ဂရုစိုက်ပေးပါတယ်။ အတန်းတွင်းမှာလည်း Class Teacher, Assistant Teacher တွေပါ ထားရှိပေးပြီး ကလေးကို အနီးကပ်စောင့်ရှောက်ပေးလျက် ရှိပါတယ်။
🌟 သင်ရိုးညွှန်းတမ်း – ILBC Preschool မှာတော့ High Scope Curriculum ကိုမှ မြန်မာမှုကိုလည်း ရင်းနှီးကျွမ်းဝင်စေဖို့အတွက် ပေါင်းစပ် သင်ကြားပေးတဲ့ သင်ရိုးကို အသုံးပြုပါတယ်။
🌟 ဘဝအတွက် လေ့ကျင့်ပေးမှု – Holistic Education ကို လက်ကိုင်ထားတာဖြစ်လို့ စာပေတစ်ခုတည်း မဟုတ်ဘဲ အလေ့အကျင့်၊ စည်းကမ်း/ စနစ်၊ လူမှုဆက်ဆံရေး၊ ပြောဆို လုပ်ရှားမှု အားလုံးကိုပါ လေ့ကျင့်သင်ကြားပေးပါတယ်။
🌟 ပညာရေး ပံ့ပိုးပေးမှု – ပညာရေးဆိုတာက စာအုပ်တွေကနေပဲ ရရှိတာမဟုတ်ပါဘူး၊ လက်တွေ့ လုပ်ဆောင်မှုတွေ၊ ပတ်ဝန်းကျင်နဲ့ ဆက်စပ် လုပ်ကိုင်ရတာတွေကနေ တစ်ဆင့်လည်း ရရှိနိုင်တာဖြစ်လို့ ကလေးတွေရဲ့ အသက်အရွယ်နဲ့လိုက်ဖက်မဲ့ Activity ပေါင်းများစွာကို အမြဲမပြတ် လုပ်ပေးပါတယ်။
🌟 အစားအသောက်နဲ့ ကျန်းမာရေး – ILBC Preschool မှာတော့
full-time . part-time ဆိုပြီး ရှိတာဖြစ်လို့ full-time တက်ရောက်တဲ့အခါမှာလည်း နေ့လယ်စာကို သေချာကျွေးပေးတာ၊ အိပ်ချိန်သတ်မှတ်ထားတာ၊ ကျန်းမာရေးအတွက် အမြဲမပြတ် ILBC Doctor တွေက အသင့်ရှိနေပေးတာမျိုး လုပ်ပေးထားပါတယ်။
🌟 စိတ်ခံစားချက် – ကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ပေါ့ပေါ့ပါးပါး ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်အောင်၊ ခွဲခြားခြင်း အလျင်းမရှိဘဲ ကျောင်းပတ်ဝန်းကျင်လေးမှာ ပျော်ရွှင်အောင်လို့ ကောင်းမွန်မြင့်မားတဲ့ အသိုင်းအဝိုင်းတစ်ရပ်ကို ဖန်တီးတည်ဆောက်ပေးထားပါတယ်။
အခုထက်ပိုပြီးအသေးစိတ်သိရှိ စုံစမ်းချင်ရင်တော့ ဖေဖေ၊ မေမေတို့အနေနဲ့ ကျောင်းကို လာရောက်ကြည့်ရှုဖို့လည်းဖိတ်ခေါ်ပါတယ်။
👇 Register NOW: https://bit.ly/Pre_NewStd_Reg_Form
ဒီ Form လေးဖြည့်ပြီးတာနဲ့ ကျောင်းအပ်ပြီးသားတန်းဖြစ်ပါမယ်နော်။
🏫 ILBC Preschool (Mayangone)
✳ Corner of Pyay Road & Kabaraye Pagoda Road, 8 Mile Junction (Within Yangon Hotel Compound), Mayangone Township, Yangon.
☎ Phone: 09-880923596

