• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

ILBC – YAMP Music Camp & Culture Exchange Programme

ဂီတကို စိတ်အားထက်သန်ကြတဲ့ ILBC ကိုယ်စားပြု ဂီတလက်ရွေးစင် Secondary ကျောင်းသူ/သားအယောက် (၃၂) ယောက်ဟာ College of Music, Mahidol University ရဲ့ Young Artist Music Programme (YAMP) မှာ ပြီးခဲ့တဲ့ November 23 ကနေ 29 ရက်နေ့အထိ တစ်ပတ်တာ စခန်းသွင်း လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်။
အရှေ့တောင်အာရှဒေသတွင်းမှာ အထင်ကရ ဂီတတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေပြီး အောင်မြင်တဲ့ ဂီတပညာရှင်တွေ၊ ဂီတသုတေသီတွေကို အဆက်မပြတ်မွေးထုတ်ပေးနေတဲ့ College of Music မှာ Precollege အရွယ် ကျောင်းသား/သူတွေ ဂီတပညာတွေကို ဘယ်လိုအပတ်တကုတ် လေ့လာဆည်းပူးနေကြလဲဆိုတာသိနိုင်ဖို့ သူတိုနဲ့တစ်ပတ်တာ ကျောင်းအတူတက်ရင်း သင်ယူလေ့လာခဲ့ကြပါတယ်။
အချိန်တိုအတွင်း သင်ယူလေ့လာခဲ့တဲ့ ဘာသာရပ်တွေကတော့
✨ Choir
✨ Conducting
✨ Gong Wong Yai & Thai Percussion
✨ Improvisation
✨ Music Theory & Ear Training
✨ Piano Master Class
✨ String Ensemble
✨ Wind Ensemble စတဲ့ ဘာသာရပ်တွေ အပြင် Music Camp အပြီးမှာ ပြုလုပ်ခဲ့တဲ့ Music Concert အတွက် Choir နဲ့ Orchestra Rehearsals တွေကိုပါ နေ့စဥ်မနက် (၇) နာရီခွဲကနေစလို့ ည (၈)နာရီခွဲအထိ အချိန်ယူ လေ့ကျင့်ခဲ့ရပါတယ်။