ILBC ကျောင်းကြီးရဲ့တည်ထောင်သက်တမ်း ဆယ်စုနှစ် (၃) ခုကျော်လာခဲ့တဲ့ အချိန်မှာ ILBC ကျောင်းကြီးဟာ မြို့ပေါင်း (၉) မြို့မှာ ကျောင်းပေါင်း (၃၀) ကျော်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါပြီ။ 1995 ခုနှစ် တည်ထောင်ချိန်ကနေစလို့ ကျောင်းနဲ့အတူ တသားတည်း လက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ၊ ကျောင်းကြီးကို ချစ်ခင်ပေးကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အမှတ်တရတွေဆိုရင်လည်း တကယ့်ကို အများကြီးမှ အများကြီးပါပဲ။ ဒီအမှတ်တရတွေ အများကြီးထဲကမှ တချို့တချို့သော အမှတ်တရတွေ၊ ဆယ်စုနှစ် တစ်ခုချင်းစီမှာ ကူးပြောင်းလာခဲ့တဲ့ အခိုက်အတန့်တွေကို ချစ်ခင်ရတဲ့ လုပ်ဖော်ကိုင်ဖက် ရောင်းရင်းတွေ၊ ILBC ကျောင်းကြီးကနေ ပြုစုပျိုးထောင်သင်ကြားပေးလိုက်တဲ့ ကလေးတွေအားလုံးနဲ့ အတူ ပြန်လည်ကြည့်ရှုနိုင်အောင်လို့ မျှဝေပေးလိုက်ပါတယ်။ အတူဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေက မနေ့တစ်နေ့ကလိုပဲ ဆိုတာကို ဒီ video လေး ကြည့်ရှုပြီး ခံစားမိကြမယ်လို့လည်း မျှော်လင့်ပါတယ်။
ILBC International School celebrates over 30 years of growth, now spanning more than 30 campuses across 9 cities. Since 1995, countless teachers, staff, and students have shaped its journey, creating memories that last a lifetime. This video highlights special moments from each decade, reminding us all that the days we’ve shared still feel like yesterday.

