2025-2026 ပညာသင်နှစ်၊ ILBC Technology Integrated Learning (TIL) Programme နှင့် ILBC Preschool Programme တို့တွင် တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသူ/သားများ အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် (တနင်္လာနေ့) သည် တပေါင်းလပြည့်နေ့ နှင့် တောင်သူလယ်သမားနေ့ ဖြစ်ပါသဖြင့် ထိုနေ့တွင်ကျောင်းပိတ်မည် ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့ (အင်္ဂါနေ့) တွင် စာမေးပွဲဖြေဆိုရမည့် TIL ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စာမေးပွဲအချိန်ဇယားများအတိုင်းကျောင်းသို့ လာရောက်ဖြေဆိုပေးရမည်ဖြစ်ပြီး၊ Preschool ကျောင်းသားများအနေဖြင့် ပုံမှန်အတန်းချိန်အတိုင်း ကျောင်းသို့ပြန်လည်တက်ရောက်ပေးပါမည်။
For students attending the 2025-2026 academic year ILBC Technology Integrated Learning (TIL) Programme and ILBC Preschool Programme, are informed that Monday, March 2, 2026, will be a school holiday in observance of Full Moon Day of Tabaung and Peasants’ Day. On Tuesday, 3 March 2026, TIL students who are required to sit for examinations must come to school and take their exams according to the examination schedule. Preschool students are to return to school and attend their regular classes as usual.

