• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

🎺🎻🎸🎷 Music Concert (ILBC, ASEAN Fusion, YAMP Strings)

College of Music, Mahidol University ရဲ့ Young Artist Music Program (YAMP) မှာ တစ်ပါတ်တာ စခန်းသွင်းလေ့ကျင့်ရေးအပြီး အပိတ်အစီအစဥ်အဖြစ် ILBC နဲ့ YAMP ရဲ့ ASEAN Fusion အဖွဲ့တို့ ပူးပေါင်းပြီး Music Concert လေးတစ်ခု တင်ဆက်ခဲ့ကြပါတယ်။ YAMP ကျောင်းအုပ်ကြီးဖြစ်တဲ့ Mr. Richard Ralphs ရဲ့ အဖွင့်အမှာစကားနဲ့ Music Concert အစီအစဥ်ကို စတင်ခဲ့ကြပြီး ILBC ဂီတဌာနမှူးမှ Music Camp & Culture Exchange Programme ၏ရည်ရွယ်ချက်နှင့် ဖြစ်မြောက်ရေးအတွက် စီစဥ်ဆောင်ရွက်ခဲ့သည့် ဖြစ်စဥ်များကို အကျဥ်းချုပ်ရှင်းလင်းပြောပြပေးခဲ့ပါတယ်။ Music Camp မှာ ပါဝင်ခဲ့ကြတဲ့ နယ်အသီးသီးမှ ILBC ကျောင်းသူ/သားနှင့် ဆရာ/မများကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ILBC & ASEAN Fusion Music Concert ကို College of Music, Mahidol University ရဲ့ Dean ဖြစ်တဲ့ Dr. Piyawat Louilarpprasert ကိုယ်တိုင် တက်ရောက်ချီးမြှင့် အားပေးစကား ပြောကြားပေးခဲ့ပြီး ILBC ဂီတဌာနမှူးမှ ILBC 30th Anniversary အမှတ်တရလက်ဆောင်လေး ပေးအပ်ခဲ့ပါတယ်။
ဂီတဖျော်ဖြေခြင်း အစီအစဥ်ကို နှစ်ပိုင်းခွဲကာ တင်ဆက်ခဲ့ပြီး ပထမပိုင်းမှာ အချိန်တိုအတွင်း သင်ယူတတ်မြောက်ခဲ့တဲ့ ထိုင်းရိုးရာကျေးလက်တေးသွားတစ်ပုဒ်ကို သင်ကြားပေးခဲ့ကြတဲ့ ဂီတဆရာများနဲ့ တွဲဖက်ကာ Gong Wong Yai နဲ့ Thai Percussion တူရိယာများတီးခတ်ပြီး အစီအစဥ်ကို စတင်ခဲ့ကြပါတယ်။
ထို့နောက်မှာတော့ ASEAN Fusion အဖွဲ့နဲ့အတူ မြန်မာ့စောင်းနဲ့ ပတ္တလားတီးခတ်သူ ကျောင်းသား/သူတွေပူးပေါင်းပြီး မြမန်းဂီရိတေးသွားတစ်ပုဒ်နဲ့ ထိုင်းရိုးရာကျေးလက်ဟန် တေးသွားတစ်ပုဒ်ကို ဂီတဆိုင်ရာ လက်တန်းစပ်ဆိုတီးခတ်ခြင်း (Improvisation) နှင့် ပေါင်းစပ်ပြီး သပ်ရပ်စွာ တင်ဆက်ခဲ့ကြပါတယ်။ ထို့ပြင် ဂီတစခန်းသွင်းလေ့ကျင့်ရေးကာလမှာအထူးလေ့လာသင်ယူခဲ့ရတဲ့ Improvisation ပညာရပ်ကို အသုံးပြုကာ ILBC ကျောင်းသူ/သားများကိုယ်တိုင် ပေါင်းစပ်ဖန်တီးဖော်ကြူးထားတဲ့ သဘာဝတရားကြီးနဲ့ မုန်တိုင်းကြီးအကြောင်း ခေတ်လွန်တေးသွားတစ်ပုဒ်ကို ILBC ကျောင်းသူ/သားများက တင်ဆက်ခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာတော့ Choir သီချင်းနှစ်ပုဒ်သာမက Orchestra တေးသွားတစ်ပုဒ်ကို ILBC ကျောင်းသူ/သားများနဲ့ YAMP Strings ကျောင်းသူ/သားများက ပူးပေါင်းတင်ဆက်ခဲ့ကြပါတယ်။ နောက်ဆုံးတေးသွားဖြစ်တဲ့ “ဦးရွှေရိုးနဲ့ ဒေါ်မိုး” ကို Conductor ဆရာ Saw James မှ Orchestra ပုံစံ သီဆိုတီးခတ်နိုင်ရန် ပြန်လည် Arrange လုပ်ထားပြီး ILBC Students နဲ့ YAMP Strings Students များ အတူတကွ တီးခေတ်ဖျော်ဖြေကာ လူအများရဲ့ စိတ်ဝင်စားမှုကို အထူးရရှိခဲ့တဲ့ တင်ဆက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
ASEN Fusion, ILBC Music Students, နဲ့ YAMP Strings Students တို့ ပါဝင်ခဲ့တဲ့ Music Concert ကို အဝေးရောက် ILBC Alumni တစ်ချို့အပြင် ILBC မိဘအချို့၊ ဂီတပညာရှင်အချို့နဲ့ ဧည့်သည်တစ်ချို့ တက်ရောက်ခဲ့ကြပြီး YAMP ကျောင်းသူ/သားတွေလည်း ဝန်းရံအားပေးခဲ့ကြပါတယ်။ ✨