ဇူလိုင်လ (၁၂) ရက်နေ့က Rose Garden Hotel မှာ ကျင်းပခဲ့တဲ့ WRO 2026 Myanmar National Championship ပြိုင်ပွဲအတွင်းမှာတော့ “Robots Meet Culture” ဆိုတဲ့ Theme နဲ့အတူ နိုင်ငံတစ်ဝန်းက Robotics ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို ILBC International School ကနေလည်း
“Robots Meet Culture” ဆိုတဲ့ Theme အတိုင်း ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Coding, Engineering Skills, Creativity, Problem-solving Skill နဲ့ Teamwork တို့ကို အသုံးချပြီး နည်းပညာနဲ့ ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ကာ မိမိနိုင်ငံရဲ့ အမွေအနှစ်၊ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဖော်ထုတ်တင်ဆက်နိုင်ဖို့ ရည်ရွယ်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာတော့ ILBC ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ –
ဒီအောင်မြင်မှုတွေဟာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စည်းစည်းလုံးလုံး ကြိုးစားအားထုတ်မှု၊ ဆရာ၊ ဆရာမတွေရဲ့ ကြီးကြပ်ပေးမှုနဲ့ အတူ မိဘတွေရဲ့ အစဉ်တစိုက် အားပေးပံ့ပိုးမှုတို့ ပေါင်းစည်းထားတဲ့ ရလဒ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ILBC အနေနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအပြင် ပါဝင်ပံ့ပိုးပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောရင်း ကလေးတွေရဲ့အောင်မြင်မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ပြုလိုပါတယ်။
ဒါ့အပြင် Future Innovators Championship ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ILBC Team ဟာ 2026 World Robot Olympiad ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် International ပြိုင်ပွဲကို သွားရောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ ILBC မိသားစုရဲ့ ကိုယ်စားပြုအနေနဲ့သာမက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ပါ ယှဉ်ပြိုင်သွားမဲ့ ကလေးတွေအတွက် အားပေးစကားလေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

