• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

2022 ILBC Summer English Proficiency Course ဖွင့်ပါပြီ

ကိုယ့်ရဲ့ သားသားမီးမီးလေးတွေ၊ တူလေး / တူမလေးတွေကို Summer ကာလမှာ အင်္ဂလိပ်စာသင်ပေးဖို့ စုံစမ်းနေတဲ့သူတွေအားလုံး စိတ်ဝင်စားလောက်မယ့်
ILBC TBL – EPC အင်္ဂလိပ်စာသင်တန်းကို မတ်လ ၁၈ရက် (သောကြာနေ့)မှာ စတင်ဖွင့်လှစ်ပေးသွားမှာ
ဖြစ်ပါတယ်။

Technology Based Learning – နည်းပညာအသုံးပြုသင်ကြားပေးတာဖြစ်လို့ ရန်ကုန်မြို့တင်မကဘဲ Internet ရတဲ့ နယ်မြို့လေးတွေက ကလေးတွေအားလုံး တက်ရောက်နိုင်ပါတယ်။

ILBC TBL-EPC သင်တန်းမှာ ကလေးအသက် (၅)နှစ်အရွယ်ကနေစပြီး တက်လို့ရပါတယ်။

✓ သင်တန်းစမည့်နေ့ – မတ်လ ၁၈ရက် (သောကြာနေ့)

✓ သင်တန်းပြီးဆုံးမည့်နေ့ – မေလ ၁၈ရက် (ဗုဒ္ဓဟူးနေ့)

✓ သင်တန်းရက် – တနင်္လာနေ့မှ သောကြာနေ့အထိ

✓ သင်တန်းချိန် – မနက် ၉နာရီမှ နေ့လယ် ၁၂နာရီအထိ

ငယ်ငယ်လေးကတည်းက English လိုနားလည်ပြီး ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ဖို့ English 4 skills ကိုကျေညက်အောင် သင်ကြားပေးမှာဖြစ်လို့ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်တဲ့ကလေးတိုင်း ILBC Summer TBL-EPC သင်တန်းကို တက်ရောက်နိုင်ပါတယ်။

ILBC Summer 2022 TBL – EPC သင်တန်းကို တက်ရောက်လိုတဲ့ ကျောင်းသားအသစ်များ၊ 2021 – 2022 ILBC TBL – EPC (Batch 2) မှလွဲ၍ Student ID ဆယ်လုံးရှိသော ILBC ကျောင်းသားများအားလုံး အောက်ပါ Link ကနေတဆင့် Register ပြုလုပ်နိုင်ပါတယ်။
✅ https://bit.ly/2022_Summer_EPC_Reg_Form

မှတ်ချက် – ILBC TBL- EPC (Batch 2) တက်ဖူးသော ကျောင်းသားများအတွက် Registration Form ကို ကျောင်းသား Outlook mail နှင့် မိဘ Email သို့ ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။

အခုမှစတက်မယ့်သူတွေအတွက် ILBC TBL – EPC အတန်းတွေအကြောင်း အားလုံးသိရအောင် အသေးစိတ်ပြောပြပေးပါမယ်။

✔ ILBC Summer 2022 (TBL-EPC) အတန်းတွေကို ဘယ်နေ့စဖွင့်မှာလဲ?
18. 3. 2022 (Friday)မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

✔ ဘယ်သူတွေ တက်ရောက်နိုင်မလဲ??
ILBC Weekend EPC အတန်းများမှ ကျောင်းသားဟောင်းများ၊ မြန်မာတစ်နိုင်ငံလုံးရှိ အသက် (၅)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအားလုံး တက်ရောက်နိုင်ပါတယ်။

✔ ဘယ်နည်းပညာသုံးပြီးသင်ကြားမှာလဲ??
“Microsoft Education” ကိုအသုံးပြုပြီး Technology Based Learning ဖြင့် အွန်လိုင်းကနေတဆင့် သင်ကြားပေးသွားမှာပါ။

✔ Placement Test ရှိပါသလား??
EPC ကျောင်းသားဟောင်းများအနေဖြင့် Placement Test ဖြေဆိုရန် မလိုအပ်ပါ။ ကျောင်းသားသစ်များအတွက် နောက်ဆုံးတက်ရောက်ခဲ့တဲ့ အတန်းစဥ်အပေါ်အခြေခံပြီး အသင့်လျော်ဆုံးဖြစ်မယ့် Level မှာ သင်ယူရပါမယ်။

✔ ILBC Summer TBL – EPC ရဲ့အတန်းချိန်တွေကရော?
တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ရက်လျှင် – မနက် (၉း၀၀)နာရီမှ နေ့လယ် (၁၂း၀၀)နာရီ ထိသင်ယူရမှာ ဖြစ်ပါတယ်။

✔ ILBC Summer TBL – EPC အတွက် သင်တန်းကြေး ဘယ်လောက်လဲ??
ယခင် Batch များကဲ့သို့ ကျောင်း၀င်ကြေး (Registration Fees) (၅၀၀၀၀)ကျပ်ပေးသွင်းရန်မလိုပဲ သင်တန်း Level တစ်ခု အစအဆုံးအတွက် သင်တန်းကြေး (300,000) ကျပ် (သုံးသိန်းကျပ်)သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။
သင်တန်းကြေးကို (၂)ကြိမ်ခွဲပြီး ပေးသွင်းနိုင်ပါတယ်။

✔ “Technology Based Learning – TBL” နဲ့သင်ကြားတဲ့အခါ ဘာ Device တွေကိုအသုံးပြုနိုင်မလဲ??
Mobile (Android or iOS) ၊ Tablet ၊ PC or Laptop ၊ MacBook တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://18.142.201.251/ilbc-til-faqs/

☐ ILBC TBL – EPC သင်တန်းကာလပြီးဆုံးတဲ့အခါ ကလေးတစ်ဦးချင်းစီတိုင်းအတွက် သင်တန်းပြီးဆုံးခြင်းလက်မှတ်(Certificate) ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

☐ သင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသားများအနေနဲ့ နောက် Level တစ်ခုကို ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

☐ ကျောင်းသားတစ်ယောက်လျှင် တစ်ကြိမ်သာ စာရင်းပေးသွင်းရန် လိုအပ်ပါတယ်။

✅ Registration Form တွင်ဖြည့်ထားသော Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက
📩 ILBC Official Facebook Page Chat Box – https://www.facebook.com/ILBCEDU
☎ 09 400777780, 09400777790 ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။