• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

ILBC ကနေဖွင့်လှစ်တဲ့ အင်္ဂလိပ်စာသင်တန်းအသစ် လာပါပြီ

အင်္ဂလိပ်စာကို အသက်ငယ်ငယ်လေးကတည်းကနေစပြီး တစိုက်မတ်မတ် သင်ယူသွားချင်တယ်ဆိုတဲ့ အသက် (၅) နှစ်နဲ့အထက် ကလေးအတွက် ILBC ကနေ 2023-2024 Technology Based Learning: TBL – EPC (Batch 1) ကို 11th June 2023 ကနေစပြီး ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

 

ကလေးအတွက်သင့်လျော်တဲ့ အတန်းကနေစပြီး

တက်ရောက်ရမှာဖြစ်တဲ့အပြင် Listening, Speaking,

Reading, Writing စတဲ့ English 4 Skills ကို အသေးစိတ်

သင်ယူရမှာဖြစ်လို့ အခြေခံကောင်းကောင်း ရရှိသွားပါလိမ့်မယ်။

English လိုပြောမယ်ဆိုရင် တစ်ဖက်လူပြောတဲ့စကားကို

လွယ်လွယ်ကူကူ မှန်မှန်ကန်ကန်နားလည်ပြီး

– Listening ကောင်းချင်တဲ့ကလေးတွေ

– Speaking ပြောတဲ့အခါ လေယူလေသိမ်းမှန်မှန်၊ Pronunciation ကောင်းကောင်း၊ Grammar မှန်မှန်နဲ့ ပြောတတ်ချင်တဲ့ ကလေးတွေ

– Reading ပိုင်းမှာလည်း အဖြတ်အတောက်မှန်မှန်၊ အဓိပ္ပာယ်ကို ထိထိမိမိသိအောင် ဖတ်တတ်ချင်တဲ့ကလေးတွေ

– Writing ပိုင်းမှာလည်း သူ့နေရာနဲ့သူ နည်းစနစ်ကျကျ ရေးတတ်ချင်တဲ့ ကလေးတွေအားလုံး ILBC ရဲ့ အင်္ဂလိပ်စာသင်တန်း 2023-2024 ILBC TBL-EPC (Batch 1) မှာ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

Saturday & Sunday ပိတ်ရက် (၂) ရက်မှာ တက်ရောက်နိုင်မှာဖြစ်လို့ ကျောင်းချိန်နဲ့လည်းလွတ်တဲ့အတွက် အဆင်ပြေပြေတက်ရောက်နိုင်ပါတယ်။

ILBC Thuwana Campus မှာ On Campus လာတက်လို့ရသလို၊ Online ကနေတစ်ဆင့် သင်ယူနိုင်ဖို့လည်း စီစဥ်ပေးထားပါတယ်။

 

သင်တန်းတက်ရောက်နိုင်မယ့်ပုံစံလေးနဲ့ အသေးစိတ်ကို ဖတ်ရှုပေးပါဦးနော်။ 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

2023-2024 TBL-EPC (Batch 1) အတန်းတွေကို ဘယ်နေ့စဖွင့်မှာလဲ။

11th June 2023 (Sunday) မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

 

အသက် ဘယ်လောက်ကနေစတင်လက်ခံပေးသလဲ။

အသက် (၅) နှစ်အရွယ်ကနေစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသူ/ သားတိုင်း တက်ရောက်နိုင်ပါတယ်။

 

သင်ကြားမှုပုံစံ ဘယ်နှမျိုးရှိလဲ။

လူကိုယ်တိုင်လာရောက်ပြီး On Campus တက်ရောက်နိုင်တဲ့အပြင် “Microsoft Education” ကိုအသုံးပြုပြီး Technology Based Learning နဲ့ Online ကနေတစ်ဆင့် သင်ယူနိုင်ပါတယ်။

 

Technology Based Learning – TBL နဲ့သင်ကြားတဲ့အခါ ဘာ Device တွေကို အသုံးပြုနိုင်မလဲ။

Mobile (Android or iOS) ၊ Tablet ၊ PC or Laptop ၊ MacBook တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.ilbcedu.com/ilbc-til-faqs/

 

Placement Test ရှိပါသလား။

ILBC TBL-EPC ကျောင်းသားအဟောင်းတွေအနေနဲ့ Placement Test ဖြေဆိုဖို့မလိုအပ်ပါဘူး။ ကျောင်းသားအသစ်တွေအတွက်တော့ နောက်ဆုံးတက်ရောက်ခဲ့တဲ့ အတန်းစဥ်အပေါ်အခြေခံပြီး အသင့်လျော်ဆုံးဖြစ်မယ့် Level မှာ သင်ယူရပါမယ်။

 

သင်တန်းချိန်တွေကရော ဘယ်လိုရှိမလဲ။

အပတ်စဥ် စနေနေ့ နှင့် တနင်္ဂနွေနေ့၊ မနက် (၈း၀၀)နာရီ မှ နေ့လယ် (၁၂း၀၀)နာရီအထိ သင်ယူရမှာဖြစ်ပါတယ်။

 

သင်တန်းကာလ ဘယ်လောက်ကြာမလဲ။

10th June 2023 ကနေစပြီး အောက်တိုဘာလလယ်အထိ ဖြစ်ပါတယ်။

 

သင်တန်းကြေး ဘယ်လောက်လဲ။

ကျောင်းဝင်ကြေး Registration Fees: 50,000 kyatsကို

တစ်ကြိမ်သာ ပေးသွင်းရမှာဖြစ်ပြီး သင်တန်း Level တစ်ခု အစအဆုံးအတွက် သင်တန်းကြေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

On Campus Learning: 450,000 kyats
Online Learning: 350,000 kyats

သင်တန်းကြေးကို တစ်ကြိမ်ထဲအပြီးအစီးပေးသွင်းပေးရမှာဖြစ်ပါတယ်။

 

သင်တန်းကြေး ဘယ်လိုပေးသွင်းနိုင်မလဲ။

သင်တန်းကြေးပေးသွင်းပုံပေးသွင်းနည်းကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://ilbc.edu.mm/til-payment-information

 

2023-2024 ILBC TBL-EPC (Batch 1) သင်တန်းကာလ ပြီးဆုံးတဲ့အခါ ကလေးတစ်ယောက်ချင်းစီအတွက် သင်တန်းပြီးဆုံးခြင်း လက်မှတ် (Certificate)

ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသားတွေကတော့ နောက် Level တစ်ခုကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒီတော့ 2023-2024 ILBC TBL-EPC (Batch 1)

အင်္ဂလိပ်စာသင်တန်းကို တက်ရောက်ချင်တဲ့ ကျောင်းသူ/ သား ကလေးငယ်တွေအနေနဲ့

အောက်က Link လေးကနေတစ်ဆင့် ဖောင်ဖြည့်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်။

 Registration Link: https://bit.ly/23_EPC_B1_NewStds

 

2023 Summer TBL-EPC အတန်းကို တက်ရောက်ထားတဲ့ ကျောင်းသူ/ သားလေးတွေကတော့ ဒီ Link လေးကနေတစ်ဆင့် ဖောင်ဖြည့်ပေးပါနော်။ 

Registration Link: https://bit.ly/23_EPC_B1_ExistingStds

 

(၁) ကြိမ်ပဲ ဖောင်ဖြည့်ပေးရုံပါပဲနော်။

Registration Form တွင်ဖြည့်ထားသော Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။

 

အသေးစိတ်ကို ဆက်သွယ်မေးမြန်းချင်ရင်တော့ 09400777780, 09400777790 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ILBC #TBL_EPC_Batch1

#2023_2024_academic_year