January 30 ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ “YIS & ILBC Music Together 2026” ပွဲအတွင်းမှာတော့ YIS အပါအဝင် ILBC ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မြိတ် ကျောင်းအသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေအားလုံးက ပါဝင်တင်ဆက် ဖျော်ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ တစ်နှစ်တာလုံးမှာ လေ့ကျင့်လာခဲ့တဲ့ ဂီတနဲ့ တူရိယာပညာရပ်တွေကို ယုံကြည်မှုရှိရှိ အကောင်းဆုံး ဖော်ထုတ်ပြသနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရသလို အားလုံးအတွက်လည်း ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ရပါတယ်။ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ အခုလိုမျိုး ထူးချွန်ထက်မြက်စေဖို့ အစဉ်မပြတ် အားပေးထောက်ပံ့ခဲ့ကြတဲ့ မိဘအုပ်ထိန်းသူတွေအပါအဝင် ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်ကနေ ကြိုးစားပံ့ပိုးခဲ့ကြတဲ့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားလုံးကို ILBC ကနေ လေးလေးနက်နက် ကျေးဇူးတင်ရှိပါတယ်။
On January 30, “YIS & ILBC Music Together 2026” took the stage at the National Theatre in Yangon, featuring students from YIS and ILBC campuses in Yangon, Mandalay, Nay Pyi Taw, Taunggyi, Myitkyina, and Myeik. With confidence and harmony, the students shared their musical skills through voice and instrument, creating a performance filled with pride and achievement. Heartfelt thanks go to the parents, teachers, and staff whose support made this musical journey possible.

