ILBC ကျောင်းသားတွေဟာ Sora E-Library ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ တရားဝင်သုံးစွဲခွင့်လိုင်စင်ရရှိထားတာပဲ ဖြစ်ပါတယ်။ 

Sora E-Library မှာဆိုရင် ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ကျောင်းစာသင်ကြားရေး၊ ပြင်ပဗဟုသုတနဲ့ သုတ၊ ရသစုံလင်စွာ ရရှိစေဖို့အတွက် Story Books, Comic & Graphic Books, Magazines တွေအပြင် Science, Geography, History နဲ့ Language Learning Books စတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကိုပါ စုံစုံလင်လင် ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် အသံထွက်နားထောင်ရင်း လေ့လာနိုင်မဲ့ Audiobooks နဲ့ Read-Along Books တွေအပါအဝင် စာအုပ်ပေါင်းများစွာကို စိတ်ကြိုက်ငှားရမ်းဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ 


Digital Library ဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး၊ လွယ်လင့်တကူ စာအုပ်တွေကို ငှားရမ်းဖတ်ရှုလို့ရတဲ့အတွက် စာဖတ်အလေ့အကျင့်ကောင်း ရစေနိုင်ရုံတင်မကဘဲ ဘာသာစကားတိုးတက်မှု၊ ကိုယ်တိုင် လေ့လာစူးစမ်းသင်ယူတတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုပါ မွေးမြူပေးနိုင်ပါတယ်။
Sora E-Library နဲ့အတူ စာဖတ်ခြင်းကို Daily Habit တစ်ခုအဖြစ် စတင်ပြီး သင်ယူမှုအခွင့်အလမ်း အသစ်အသစ်တွေကို ရှာဖွေလိုက်ပါ။
Phone, Tablet, Laptop, MacBook တို့ကနေ ဝင်ရောက်အသုံးပြုနိုင်ပါပြီ။
● အသေးစိတ်ဖတ်ရှုရန် – https://tinyurl.com/Sora-E-Library
Start Reading with Sora!
Sora E-Library is available free of charge for all Preschool, TIL, and TBL-EPC (Batch 1) students. ILBC is proud to be the first school in Myanmar to officially provide licensed access to the Sora E-Library. Students can explore thousands of age-appropriate Story Books, Comic & Graphic Books, Science, Geography, History, Language Learning Books, Audiobooks, and Read-Along Books that enrich both academic learning and personal growth. With unlimited access anytime, anywhere, Sora inspires a lifelong love of reading while nurturing language development, independent learning, and curiosity. Available on smartphones, tablets, laptops, and MacBooks.
● Learn more: https://tinyurl.com/Sora-E-Library

