• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

⚽🏆ILBC Sports Together 2026-2027 Academic Year 🐯🤝

မနှစ်က နေပြည်တော်မှာ ပြုလုပ်ပေးခဲ့တဲ့ ILBC Sports Together ပွဲကြီးကို အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာတော့ မန္တလေးမှာ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ILBC ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနဲ့ မြိတ်တို့က ILBC ကျောင်းအသီးသီးကို ကိုယ်စားပြုကြတဲ့ ILBC Tigers အဖွဲ့ဝင် ကျောင်းသူ၊ ကျောင်းသားတွေက ပါဝင်ခဲ့ကြတာဖြစ်ပြီး မြို့ (၅) မြို့က ILBC Tigers တွေ စုစည်းလာတဲ့ နှစ်ရက်တာ Sports Together ပွဲကြီးကို စတင်ခဲ့ပါတယ်။ August 29 ရက်နေ့မှာတော့ မြို့အသီးသီးကနေ ရောက်လာတဲ့ ILBC ကျောင်းသူ၊ ကျောင်းသားတွေကို ကြိုဆိုတဲ့ ဖွင့်ပွဲအဖြစ်ရော၊ ပြိုင်ပွဲအုပ်စုခွဲတာ၊ အသင်းခွဲတာတွေကို စနစ်တကျ ပြင်ဆင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယမြောက်နေ့မှာတော့ အားကစားပွဲစဥ် အစုံအလင်ကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ILBC ကျောင်းအချင်းချင်းက သူငယ်ချင်းတွေ ရင်းနှီးမှုပိုတိုးအောင် ကစားခဲ့ကြတာဖြစ်လို့ အနိုင်ရရှိရေးထက်၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အားကစားကိုအခြေခံတဲ့ အမှတ်တရကောင်းတွေ ရရှိတာကို ဓာတ်ပုံတွေကနေတစ်ဆင့် မြင်တွေ့ခံစားနိုင်ပါတယ်။ 🏅⚽🏀🏫
This year, ILBC Sports Together was held at ILBC International School Mandalay, bringing together ILBC Tigers from Yangon, Mandalay, Nay Pyi Taw, Taunggyi and Myeik. From the warm welcome and team preparations on August 29 to a vibrant day of football, basketball, swimming and badminton on August 30, students came together to build friendships across schools, strengthen teamwork and embrace the true spirit of sportsmanship. Beyond the scoreboard, it was the shared energy, new friendships and unforgettable memories that made these two days truly meaningful. ❤️
Five cities, one ILBC Tigers spirit, and two days where sport brought everyone closer together. 🐯🏆