• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

🇻🇳⚽ ILBC Tigers Take on the SSIS Dragons Classic Invitational!

ဗီယက်နမ်နိုင်ငံမှာ September 18-19 နှစ်ရက်တာ ကျင်းပပြုလုပ်သွားမဲ့ SSIS Dragons Classic Invitational ပြိုင်ပွဲကြီးမှာတော့ ILBC International School ရဲ့ Tigers Team Member တွေဖြစ်တဲ့ Secondary 3 to 6 ကျောင်းသူ၊ ကျောင်းသားတွေက ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမစတင်ခင် September 17 ရက်နေ့ကတည်းက မြန်မာနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို စတင်ထွက်ခွာခဲ့ကြပြီး ပြိုင်ပွဲတစ်လျှောက်မှာလည်း အသင်းလိုက် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လေ့ကျင့်ထားသမျှကို အားကုန်ထုတ်သုံးကာ အကောင်းဆုံးခြေစွမ်းပြသွားမှာလည်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုတိုင်းအတွက် ILBC အနေနဲ့ အစွမ်းကုန်အားပေးရင်း ပြိုင်ပွဲအတွင်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်ပြီး အတွေ့အကြုံကောင်းတွေ ရရှိစေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

✈️✈️ Our Secondary 3 to 6 Tigers have travelled to Vietnam to compete in the SSIS Dragons Classic Invitational, taking place on September 18-19. Ready to put their training into action, our young athletes will take the field with teamwork, determination and true sportsmanship, giving their best in every game and making every moment count. Wishing our Tigers a memorable tournament filled with great experiences, valuable lessons and the true spirit of the game.
𝑳𝒆𝒕’𝒔 𝑮𝒐 𝑻𝒊𝒈𝒆𝒓𝒔! 🐯⚽