• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

🇮🇳 8 Days in Hyderabad | More Than a Robotics Competition 🤖

WRO National Myanmar ရဲ့ Future Innovator (Senior) Category မှာ Champion ရရှိခဲ့တဲ့ ILBC Future Innovator (Senior) Team ဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အိန္ဒိယနိုင်ငံ၊ GMR Arena, Aerocity, Hyderabad မှာ September 25 မှ 27 အထိ ကျင်းပပြုလုပ်သွားမဲ့ “World Robot Olympiad Open Championship Asia & Pacific” မှာ ပါဝင်ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။
ဒီ့အပြင် September 28 ရက်နေ့မှာ Hyderabad မှာ ကျင်းပပြုလုပ်ဦးမဲ့ “WRO STEM Entrepreneur Program” ရဲ့ Pilot Event မှာလည်း ILBC Future Innovator (Senior) Team က ပါဝင်ခွင့်ရရှိထားပါတယ်။ ဒီ Program မှာတော့ Robots တွေတည်ဆောက်ရုံကနေ ကိုယ်တိုင်ဖန်တီးထားတဲ့ Business Idea ကို ဘယ်လိုအကောင်အထည်ဖော်နိုင်မလဲ၊ အဲဒီ Idea က သုံးစွဲသူတွေအတွက် ဘာတန်ဖိုးရှိစေနိုင်မလဲဆိုတဲ့ Value Proposition ကို သတ်မှတ်ပြီး Technical Innovation နဲ့ Entrepreneurial Thinking တွေကို ပေါင်းစပ်ရင်း solutions တွေကို Pitching ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒါတွေနဲ့ဆက်စပ်ပြီးတော့ ပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်သွားမဲ့ အကြောင်းအရာအသေးစိတ်၊ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေအပြင် Hyderabad ခရီးစဉ်ကနေ ကလေးတွေ ရရှိနိုင်မဲ့ အတွေ့အကြုံ၊ အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့လည်း မိဘအုပ်ထိန်းသူတွေ သိရှိထားနိုင်စေဖို့ အခုလိုမျိုး တွေ့ဆုံ ရှင်းပြ ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။
After becoming Champions in the Future Innovator (Senior) Category at WRO National Myanmar, the ILBC Future Innovator (Senior) Team will represent Myanmar at the World Robot Olympiad Open Championship Asia & Pacific in Hyderabad, India, from September 25 to 27. The team will also take part in the WRO STEM Entrepreneur Program Pilot Event on September 28, exploring how their Business Idea can be developed into a solution, the Value Proposition it can offer users, and how robotics, technical innovation and entrepreneurial thinking come together to develop and pitch real-world solutions. Ahead of the 8-day journey, the team met with parents to share their competition plans, preparation and the experiences and opportunities awaiting them in Hyderabad.