🎓ILBC ကျောင်းတော်ကြီးရဲ့ အရိပ်အောက်မှာ အမှတ်တရတွေ၊ စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေကို အတူတူ ကျော်ဖြတ်ပြီးချိန်မှာတော့… ILBC Class of 2026 ရဲ့ ကျောင်းသူ၊ ကျောင်းသားတွေကတော့ အခုလိုမျိုး ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အခမ်းအနားနေ့မှာတော့ ကလေးတွေရဲ့ ကြိုးစားမှုတွေကို အောင်မြင်မှုအသီးအပွင့်တွေအဖြစ် ဝေဝေဆာဆာ ပွင့်လန်းနေတာကို မြင်တွေ့ရတဲ့အတွက် ILBC အနေနဲ့လည်း အထူးတလည် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီအောင်မြင်မှုတွေရဲ့ နောက်ကွယ်က ဆရာ၊ ဆရာမတွေရဲ့ လမ်းညွှန်မှုတွေနဲ့ မိဘတွေရဲ့ မေတ္တာ၊ ပံ့ပိုးမှုတွေကိုလည်း ဒီနေရာကနေတစ်ဆင့် ထပ်မံ ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။
ILBC ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လည်း ရှေ့ဆက်လျှောက်လှမ်းမဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းမှာ စစ်မှန်တဲ့ အောင်မြင်ပျော်ရွှင်မှုတွေ ရရှိပါစေလို့လည်း တောင်းဆုပြုလိုက်ရပါတယ်။
From shared memories and overcoming challenges to achieving new heights, our ILBC Class of 2026 has officially arrived at their graduation day. Seeing your hard work bloom into this beautiful success makes us incredibly proud. A special thank you to our dedicated teachers for their guidance and to our supportive parents for their endless love and encouragement. As you step forward, we pray that every step you take is filled with genuine success and happiness.
Class of 2026, you are ready to take on the world! 🌍🚀
#ILBC_International_School #ILBC #International_School #GraduationCeremony #Classof2026
ILBC Class of 2026 🎓

