ကျောင်းပိတ်ရက်တွေမှာ English 4 Skills ကို သင်ယူချင်တဲ့ အသက် (၅) နှစ်နဲ့ အထက် ကလေးတိုင်းအတွက် Weekend Classes တွေအဖြစ်နဲ့ 2023-2024 ILBC TBL-EPC (Batch 2) ကို November 11 ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
English 4 Skills ဆိုတာက University သွားတက်တော့မှ၊ လုပ်ငန်းခွင်ဝင်တော့မှ ကျွမ်းကျင်အောင် လေ့လာတာထက် ငယ်ငယ်လေးကတည်းက ဆရာကောင်းသမားကောင်းတွေနဲ့ တစိုက်မတ်မတ် လေ့ကျင့်သင်ယူသွားမယ်ဆိုရင်
ကလေးတွေအတွက် နေ့စဥ်ကျောင်းစာတွေ
လုပ်တဲ့နေရာမှာ ဖြစ်စေ
စကားပြောစွမ်းရည် ပြိုင်ပွဲ၊ Essay ပြိုင်ပွဲနဲ့ အမျိုးမျိုးသော ကျောင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ရာမှာဖြစ်စေ အကျိုးပြုသလို
အသက်အရွယ်တစ်ခုရလာတဲ့အချိန် လုပ်ငန်းခွင်ဝင်ရောက်ရာမှာဖြစ်စေ Opportunities တွေများပြီး ကလေးတွေရဲ့အနာဂတ်က ပိုမိုတောက်ပနေမှာပါ။
ILBC TBL-EPC (Batch 2) မှာတော့ သင်ကြားရေးမှာရော၊ Psychology ပိုင်းမှာပါ ကျွမ်းကျင်ကြတဲ့ Professional Teachers တွေကိုယ်တိုင်က English 4 Skills မှာပါဝင်တဲ့ Skills (၄) မျိုးစလုံးကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သွားဖို့ တာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပါတယ်။
အသံထွက်မမှန်မှာ မစိုးရိမ်ရသလို Vocabulary တွေ၊ Grammar တွေ မှန်မှန်ကန်ကန် မသုံးတတ်မှာလည်း စိတ်ပူစရာမလိုပါဘူးနော်။
Listening Skills ကောင်းလို့ တစ်ဖက်လူပြောချင်တာကို တိတိကျကျ နားလည်မယ်
Speaking ကျွမ်းကျင်လာလို့ English လို Communication လုပ်ရာမှာလည်း ပိုသွက်လာမယ်
Reading ကို စိတ်ဝင်စားလာပြီး English လိုရေးထားတဲ့ စာကြီးပေကြီးတွေ ဖတ်နိုင်တဲ့အထိ ဖြစ်လာမယ်
Writing မှာဆိုရင်လည်း အရေးအသားညက်ပြီး စာဖတ်သူက အပြည့်အဝ စိတ်ဝင်တစား ဖတ်တဲ့အထိ ဖြစ်အောင် တစ်ဆင့်ချင်းစီ လေ့ကျင့်ပျိုးထောင်ပေးသွားမှာမို့လို့ ဖေဖေ၊ မေမေတို့ဘက်က ကိုယ့်ရဲ့သားသားမီးမီးတွေအတွက် ဒီအတန်းလေးမှာ Register လုပ်ပေးဖို့ပဲ လိုပါလိမ့်မယ်။
On-campus လာတက်မယ်ဆိုရင်တော့
ILBC Thuwana Campus Address: Lay Dauk Kan Road, Thuwana Football Stadium, Thingankyun Township, Yangon, Myanmar.
Phone: 09262773009
Google Map: https://goo.gl/maps/PsPT32q83rpzhmod7
မှာလာတက်ရမှာပါ။
ကျောင်းကိုလာတက်ရောက်မယ့် ကလေးတွေအတွက်ဆိုလည်း လိုအပ်တဲ့ 65 inches Smart TV တွေနဲ့ သင်ပေးသွားမှာဖြစ်ပြီး Facilities တွေကအစ အပြည့်အစုံ Provide လုပ်ပေးထားပါတယ်။ ကလေးတွေ စာသင်ပျော်ဖို့ ILBC ရဲ့ လက်ထဲကိုသာ အပ်နှံလိုက်ပါ။
Online ကနေ တက်ရောက်ချင်တဲ့ ကလေးတွေအတွက်လည်း Microsoft Teams ကိုသုံးပြီး Teacher နဲ့ Face-to-Face သင်ရမှာဖြစ်ပါတယ်။
ဒီအတန်းလေးမှာအပ်နှံချင်တဲ့ မိဘတွေအနေနဲ့ သိချင်လောက်မယ့်မေးခွန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
━━━━━ ━━━━━ ━━━━━ ━━━━━ ━━━━━
2023-2024 TBL-EPC (Batch 2) အတန်းတွေကို ဘယ်နေ့စဖွင့်မှာလဲ။
11th November 2023 (Saturday) မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
အသက် ဘယ်လောက်ကနေစတင်လက်ခံပေးသလဲ။
အသက် (၅) နှစ်အရွယ်ကနေစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသူ/ သားတိုင်း တက်ရောက်နိုင်ပါတယ်။
သင်ကြားမှုပုံစံ ဘယ်နှမျိုးရှိလဲ။
လူကိုယ်တိုင်လာရောက်ပြီး On Campus တက်ရောက်နိုင်တဲ့အပြင် “Microsoft Education” ကိုအသုံးပြုပြီး Technology Based Learning နဲ့ Online ကနေတစ်ဆင့် သင်ယူနိုင်ပါတယ်။
Technology Based Learning – TBL နဲ့သင်ကြားတဲ့အခါ ဘာ Device တွေကို အသုံးပြုနိုင်မလဲ။
Mobile (Android or iOS) ၊ Tablet ၊ PC or Laptop ၊ MacBook တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Placement Test ရှိပါသလား။
ILBC TBL-EPC ကျောင်းသားအဟောင်းတွေအနေနဲ့ Placement Test ဖြေဆိုဖို့မလိုအပ်ပါဘူး။
ကျောင်းသားအသစ်တွေအတွက်တော့ နောက်ဆုံးတက်ရောက်ခဲ့တဲ့ အတန်းစဥ်အပေါ်အခြေခံပြီး အသင့်လျော်ဆုံးဖြစ်မယ့် Level မှာ သင်ယူရပါမယ်။
သင်တန်းချိန်တွေကရော ဘယ်လိုရှိမလဲ။
အပတ်စဥ် စနေနေ့ နှင့် တနင်္ဂနွေနေ့၊ မနက် (၈း၀၀)နာရီ မှ နေ့လယ် (၁၂း၀၀)နာရီအထိ သင်ယူရမှာဖြစ်ပါတယ်။
သင်တန်းကာလ ဘယ်လောက်ကြာမလဲ။
11th November 2023 (Saturday) ကနေစပြီး
February လကုန်အထိ ဖြစ်ပါတယ်။
သင်တန်းကြေး ဘယ်လောက်လဲ။
ကျောင်းဝင်ကြေး Registration Fees: 50,000 kyatsကို
တစ်ကြိမ်သာ ပေးသွင်းရမှာဖြစ်ပြီး သင်တန်း Level တစ်ခု အစအဆုံးအတွက် သင်တန်းကြေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
On Campus Learning: 450,000 kyats
Online Learning: 350,000 kyats
သင်တန်းကြေးကို တစ်ကြိမ်ထဲအပြီးအစီးပေးသွင်းပေးရမှာဖြစ်ပါတယ်။
သင်တန်းကြေး ဘယ်လိုပေးသွင်းနိုင်မလဲ။
သင်တန်းကြေးပေးသွင်းပုံပေးသွင်းနည်းကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
━━━━━ ━━━━━ ━━━━━ ━━━━━ ━━━━━
သင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသားတွေကတော့ နောက် Level တစ်ခုကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ဒီတော့ 2023-2024 ILBC TBL-EPC (Batch 1) တက်ရောက်ပြီးစီးထားသည့် ကျောင်းသူ/ သားများမှလွဲပြီး 2023-2024 ILBC TBL-EPC (Batch 2)
အင်္ဂလိပ်စာသင်တန်းကို တက်ရောက်ချင်တဲ့ ကျောင်းသူ/ သား ကလေးငယ်တွေအနေနဲ့ အောက်က Link လေးကနေတစ်ဆင့် ဖောင်ဖြည့်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်။
Registration Link:
2023-2024 ILBC TBL-EPC (Batch 1) တက်ရောက်ပြီးစီးထားသည့် ကျောင်းသူ/ သားတွေကတော့ အောက်ပါ Link ကနေတစ်ဆင့် ဖောင်ဖြည့်ပြီးအပ်နှံနိုင်ပါတယ်။
Registration Link: https://bit.ly/23-24_TBL_EPC_B2_RegForm
(၁) ကြိမ်ပဲ ဖောင်ဖြည့်ပေးရုံပါပဲနော်။
Registration Form မှာဖြည့်ထားတဲ့ Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။
ကျောင်းကိုလူကိုယ်တိုင်လာရောက်စုံစမ်းလို့လည်းရပါတယ်။ ဖုန်းလေးတော့ကြိုတင်ဆက်သွယ်ပေးပါ။
09 400777780
09 400777790
#ILBC #TBL_EPC_Batch2
#2023_2024_academic_year