• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

Sat & Sun တက်လို့ရမယ့် ILBC Weekend English Classes အသစ်တွေ မကြာခင်ဖွင့်ပါတော့မယ်

🎒 ကျောင်းပိတ်ရက်တွေမှာ English 4 Skills ကို သင်ယူချင်တဲ့ အသက် (၅) နှစ်နဲ့ အထက် ကလေးတိုင်းအတွက် Weekend Classes တွေအဖြစ်နဲ့ 2023-2024 ILBC TBL-EPC (Batch 2) ကို November 11 ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
🎓 English 4 Skills ဆိုတာက University သွားတက်တော့မှ၊ လုပ်ငန်းခွင်ဝင်တော့မှ ကျွမ်းကျင်အောင် လေ့လာတာထက် ငယ်ငယ်လေးကတည်းက ဆရာကောင်းသမားကောင်းတွေနဲ့ တစိုက်မတ်မတ် လေ့ကျင့်သင်ယူသွားမယ်ဆိုရင်
📙 ကလေးတွေအတွက် နေ့စဥ်ကျောင်းစာတွေ
လုပ်တဲ့နေရာမှာ ဖြစ်စေ
📙 စကားပြောစွမ်းရည် ပြိုင်ပွဲ၊ Essay ပြိုင်ပွဲနဲ့ အမျိုးမျိုးသော ကျောင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ရာမှာဖြစ်စေ အကျိုးပြုသလို
📙 အသက်အရွယ်တစ်ခုရလာတဲ့အချိန် လုပ်ငန်းခွင်ဝင်ရောက်ရာမှာဖြစ်စေ Opportunities တွေများပြီး ကလေးတွေရဲ့အနာဂတ်က ပိုမိုတောက်ပနေမှာပါ။
ILBC TBL-EPC (Batch 2) မှာတော့ သင်ကြားရေးမှာရော၊ Psychology ပိုင်းမှာပါ ကျွမ်းကျင်ကြတဲ့ Professional Teachers တွေကိုယ်တိုင်က English 4 Skills မှာပါဝင်တဲ့ Skills (၄) မျိုးစလုံးကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သွားဖို့ တာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပါတယ်။
🟧 အသံထွက်မမှန်မှာ မစိုးရိမ်ရသလို Vocabulary တွေ၊ Grammar တွေ မှန်မှန်ကန်ကန် မသုံးတတ်မှာလည်း စိတ်ပူစရာမလိုပါဘူးနော်။
🟧 Listening Skills ကောင်းလို့ တစ်ဖက်လူပြောချင်တာကို တိတိကျကျ နားလည်မယ်
🟧 Speaking ကျွမ်းကျင်လာလို့ English လို Communication လုပ်ရာမှာလည်း ပိုသွက်လာမယ်
🟧 Reading ကို စိတ်ဝင်စားလာပြီး English လိုရေးထားတဲ့ စာကြီးပေကြီးတွေ ဖတ်နိုင်တဲ့အထိ ဖြစ်လာမယ်
🟧 Writing မှာဆိုရင်လည်း အရေးအသားညက်ပြီး စာဖတ်သူက အပြည့်အဝ စိတ်ဝင်တစား ဖတ်တဲ့အထိ ဖြစ်အောင် တစ်ဆင့်ချင်းစီ လေ့ကျင့်ပျိုးထောင်ပေးသွားမှာမို့လို့ ဖေဖေ၊ မေမေတို့ဘက်က ကိုယ့်ရဲ့သားသားမီးမီးတွေအတွက် ဒီအတန်းလေးမှာ Register လုပ်ပေးဖို့ပဲ လိုပါလိမ့်မယ်။
On-campus လာတက်မယ်ဆိုရင်တော့
🏢 ILBC Thuwana Campus Address: Lay Dauk Kan Road, Thuwana Football Stadium, Thingankyun Township, Yangon, Myanmar.
☎ Phone: 09262773009
မှာလာတက်ရမှာပါ။
ကျောင်းကိုလာတက်ရောက်မယ့် ကလေးတွေအတွက်ဆိုလည်း လိုအပ်တဲ့ 65 inches Smart TV တွေနဲ့ သင်ပေးသွားမှာဖြစ်ပြီး Facilities တွေကအစ အပြည့်အစုံ Provide လုပ်ပေးထားပါတယ်။ ကလေးတွေ စာသင်ပျော်ဖို့ ILBC ရဲ့ လက်ထဲကိုသာ အပ်နှံလိုက်ပါ။
✅ Online ကနေ တက်ရောက်ချင်တဲ့ ကလေးတွေအတွက်လည်း Microsoft Teams ကိုသုံးပြီး Teacher နဲ့ Face-to-Face သင်ရမှာဖြစ်ပါတယ်။
ဒီအတန်းလေးမှာအပ်နှံချင်တဲ့ မိဘတွေအနေနဲ့ သိချင်လောက်မယ့်မေးခွန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
━━━━━ ━━━━━ ━━━━━ ━━━━━ ━━━━━
📌 2023-2024 TBL-EPC (Batch 2) အတန်းတွေကို ဘယ်နေ့စဖွင့်မှာလဲ။
11th November 2023 (Saturday) မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
📌 အသက် ဘယ်လောက်ကနေစတင်လက်ခံပေးသလဲ။
အသက် (၅) နှစ်အရွယ်ကနေစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသူ/ သားတိုင်း တက်ရောက်နိုင်ပါတယ်။
📌 သင်ကြားမှုပုံစံ ဘယ်နှမျိုးရှိလဲ။
လူကိုယ်တိုင်လာရောက်ပြီး On Campus တက်ရောက်နိုင်တဲ့အပြင် “Microsoft Education” ကိုအသုံးပြုပြီး Technology Based Learning နဲ့ Online ကနေတစ်ဆင့် သင်ယူနိုင်ပါတယ်။
📌 Technology Based Learning – TBL နဲ့သင်ကြားတဲ့အခါ ဘာ Device တွေကို အသုံးပြုနိုင်မလဲ။
Mobile (Android or iOS) ၊ Tablet ၊ PC or Laptop ၊ MacBook တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
📌 Placement Test ရှိပါသလား။
ILBC TBL-EPC ကျောင်းသားအဟောင်းတွေအနေနဲ့ Placement Test ဖြေဆိုဖို့မလိုအပ်ပါဘူး။
ကျောင်းသားအသစ်တွေအတွက်တော့ နောက်ဆုံးတက်ရောက်ခဲ့တဲ့ အတန်းစဥ်အပေါ်အခြေခံပြီး အသင့်လျော်ဆုံးဖြစ်မယ့် Level မှာ သင်ယူရပါမယ်။
📌 သင်တန်းချိန်တွေကရော ဘယ်လိုရှိမလဲ။
အပတ်စဥ် စနေနေ့ နှင့် တနင်္ဂနွေနေ့၊ မနက် (၈း၀၀)နာရီ မှ နေ့လယ် (၁၂း၀၀)နာရီအထိ သင်ယူရမှာဖြစ်ပါတယ်။
📌 သင်တန်းကာလ ဘယ်လောက်ကြာမလဲ။
11th November 2023 (Saturday) ကနေစပြီး
February လကုန်အထိ ဖြစ်ပါတယ်။
📌 သင်တန်းကြေး ဘယ်လောက်လဲ။
ကျောင်းဝင်ကြေး Registration Fees: 50,000 kyatsကို
တစ်ကြိမ်သာ ပေးသွင်းရမှာဖြစ်ပြီး သင်တန်း Level တစ်ခု အစအဆုံးအတွက် သင်တန်းကြေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
✅ On Campus Learning: 450,000 kyats
✅ Online Learning: 350,000 kyats
သင်တန်းကြေးကို တစ်ကြိမ်ထဲအပြီးအစီးပေးသွင်းပေးရမှာဖြစ်ပါတယ်။
📌 သင်တန်းကြေး ဘယ်လိုပေးသွင်းနိုင်မလဲ။
သင်တန်းကြေးပေးသွင်းပုံပေးသွင်းနည်းကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
━━━━━ ━━━━━ ━━━━━ ━━━━━ ━━━━━
🌈 သင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသားတွေကတော့ နောက် Level တစ်ခုကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ဒီတော့ 2023-2024 ILBC TBL-EPC (Batch 1) တက်ရောက်ပြီးစီးထားသည့် ကျောင်းသူ/ သားများမှလွဲပြီး 2023-2024 ILBC TBL-EPC (Batch 2)
အင်္ဂလိပ်စာသင်တန်းကို တက်ရောက်ချင်တဲ့ ကျောင်းသူ/ သား ကလေးငယ်တွေအနေနဲ့ အောက်က Link လေးကနေတစ်ဆင့် ဖောင်ဖြည့်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်။
2023-2024 ILBC TBL-EPC (Batch 1) တက်ရောက်ပြီးစီးထားသည့် ကျောင်းသူ/ သားတွေကတော့ အောက်ပါ Link ကနေတစ်ဆင့် ဖောင်ဖြည့်ပြီးအပ်နှံနိုင်ပါတယ်။
(၁) ကြိမ်ပဲ ဖောင်ဖြည့်ပေးရုံပါပဲနော်။
Registration Form မှာဖြည့်ထားတဲ့ Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။
ကျောင်းကိုလူကိုယ်တိုင်လာရောက်စုံစမ်းလို့လည်းရပါတယ်။ ဖုန်းလေးတော့ကြိုတင်ဆက်သွယ်ပေးပါ။
☎ 09 400777780
☎ 09 400777790
#ILBC #TBL_EPC_Batch2
#2023_2024_academic_year