• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

Music Together 2024 – After Event

Students attending the 2023-2024 academic year at ILBC and YIS took part and performed on the stage of ‘Music Together 2024,’ held at 3 pm on January 27, 2024 (Saturday) at YIS Mandalay Theater. Our aim is for students to understand the essence of music, play their preferred musical instruments proficiently, collaborate effectively, value music, and respect their precious time. We are delighted by their amazing performance. Their joyous expressions during the musical flow created a warm environment with their creations and talents. We extend heartfelt appreciation to every student, parents, audiences, teacher, and staff member who supported the event with great enthusiasm.

2023-2024 ပညာသင်နှစ်တွင် ILBC Yangon, Mandalay, Nay Pyi Taw, Myitkyina, Taunggyi, Myeik နှင့် YIS Yangon, YIS Mandalay ကျောင်းတို့၌ တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသူ/ သားများက ယနေ့ ဇန်နဝါရီလ ၂၇ ရက် (စနေနေ့)၊ နေ့လယ် ၃ နာရီ၊ YIS Mandalay Theater တွင် ကျင်းပပြုလုပ်ခဲ့သည့် “Music Together 2024” ပွဲ၌ ပါဝင်ဖျော်ဖြေခဲ့ကြပါသည်။ တစ်နှစ်တာပတ်လုံး လေ့ကျင့်သင်ယူခဲ့သည့် ဂီတပညာရပ်ကို လက်တွေ့အသုံးပြု တီးခတ်နိုင်စေရန်၊ ဂီတပညာရပ်ကို ပိုမိုတန်ဖိုးထား စိတ်ဝင်စားပြီး အသင်းအဖွဲ့ဖြင့် လုပ်ဆောင်တတ်စေရန်၊ အချိန်လေးစားတတ်စေရန် ရည်ရွယ်ချက်ဖြင့်အဆိုပါပွဲကို ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
ကျောင်းသူ/သားများ၏ အနှစ်သာရအပြည့်အဝဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်မှုများအတွက် အားရကျေနပ်မိပြီး ကျောင်းသူ/သားအားလုံး ဂီတနှင့်တစ်သားထဲကျကာ ပျော်ရွှင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် နွေးထွေးသည့် အခိုက်အတန့်လေးကို ဖန်တီးပြသနိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်မိပါသည်။
အကောင်းဆုံး ကြိုးစားဖျော်ဖြေတင်ဆက်ခဲ့ပါသော ILBC နှင့် YIS တို့မှ ကျောင်းသူ/သားများ၊ ပွဲအခမ်းအနားသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ တိုက်ရိုက် Live ကိုကြည့်ရှု၍သော်လည်းကောင်း အားပေးကြပါသောမိဘများနှင့် ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါသော ဆရာ/မများ၊ ဝန်ထမ်းများအားလုံးကို ILBC မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။