• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

🇻🇳 After the Tournament, Let’s Explore Vietnam! ⛵🎋

SSIS Dragons Classic Invitational ကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Secondary 3 to 6 ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဗီယက်နမ်ရောက်အမှတ်တရအဖြစ် September 20, 21 နှစ်ရက်တာမှာ ဝါးပင်ထွက် ထုတ်ကုန်မျိုးစုံပြခန်း၊ မဲခေါင်မြစ်ဝကျွန်းပေါ် လှေစီးခရီးစဉ်၊ ပျားမွေးမြူရေးခြံ၊ ဒေသထွက်အသီးအနှံဆိုင်၊ ကျေးရွာတွင်း လည်ပတ်တာတွေအပြင် ဆိပ်ကမ်းနဲ့ လမ်းလျှောက်ခရီးစဉ်တွေကိုလည်း စီစဉ်ပေးခဲ့ပါတယ်။ ဒီ့အပြင် War Remnants Museum, Saigon Central Post Office, Ho Chi Minh City Book Street နဲ့အတူ Takashimaya mall, Vincom Center တွေကိုပါ လိုက်ပါ ပို့ဆောင်ပေးခဲ့ပါတယ်။ ILBC ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဒီခရီးစဉ်ကနေ နိုင်ငံတကာကျောင်းတွေနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပြိုင်ပွဲအတွေ့အကြုံတွေအပြင် ဗီယက်နမ်ရဲ့ ဒေသခံလူမှုဘဝ၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ မြို့ပြအငွေ့အသက်နဲ့ ဖွံ့ဖြိုးတိုးတက်မှု အလီလီကို ကိုယ်တိုင်လေ့လာခွင့်ရခဲ့သလို၊ သူငယ်ချင်းတွေနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးနိုင်စေခဲ့ပါတယ်။ 🐼🥢
Following the SSIS Dragons Classic Invitational, our Secondary 3 to 6 students explored another side of Vietnam through a bamboo product exhibition, a Mekong Delta boat ride, a local bee farm, a local fruit market, village visits, and harbour walks. They also visited the War Remnants Museum, Saigon Central Post Office, Ho Chi Minh City Book Street, Takashimaya Mall, and Vincom Center. Beyond competing with international schools, the trip gave our students the opportunity to experience Vietnam’s local life, culture, natural environment, and urban development firsthand, while creating unforgettable memories with their friends.
#ILBC #ILBCinternationalschool #internationalschool #SSIS #travelling